မရှုမလှနှင့် မျက်ရည်တွေကတော့မပါမဖြစ်ပေါ့.
~~~~~~~~~~~~~~~~
" ထယ်...နေမကောင်းဘူးဆို...သက်သာရဲ့လား "
ဖောက်ပြန်ချင်းများစွာ ရောယှက်နေတဲ့ ခြေလှမ်းတွေက ကွန်ဒို တိုက်ခန်းမှာ နေမကောင်းဖြစ်နေတဲ့ တစ်ယောက်သောသူဆီသို့...
" ဟင့်အင်း...ဟင့် "
" ပြောပါဦး ကိုယ့်ကို..ဘယ်နားတွေကနာနေတာလည်း.."
" ဟင့်...ငါဒီနေရာက နာနေတာ ဂျောင်ကု..
ငါနေလို့မကောင်းဘူး.."ခေါင်းနေရာကို ထိုးပြကာ အပီအပြင်ချွဲနေတဲ့
ထယ်ယောင်းက တစ်ယောက်သောသူရဲ့အချစ်ဆုံးသူ....." ဟုတ်ပြီ ထယ်...ဆေးသောက်ရအောင်လေ. ...
ဆေးသောက်ပြီးအိပ်မှ မနက်ထလာရင် ကိုယ့်အချစ်လေး နေမကောင်းတာတွေမဖြစ်မှာ.."ဝေ့သီလာတဲ့ ထယ်ရဲ့မျက်ရည်စတွေ..
အဲ့လိုဘဲ...ကိုယ့်အချစ်က ဆေးသောက်ရမှာသိပ်ကြောက်တာ...
" ကိုကကွာ...ငါမသောက်ချင်ဘူးနော်.."
ဆေးမသောက်ချင်တိုင်းချွဲတတ်ရဲ့ ထယ်စကားတွေကြောင့်လည်း သူတစ်ခါတစ်ခါ ကြွေဆင်းရသေးတာ....
" အချစ်ရာ...လိမ်မာတယ် လေကွာ...နော်..ဒါလေးဘဲသောက်ပါနော်...တစ်ခါဘဲ..ဒီတစ်ခါဘဲသောက်...နော်.."
" တကယ်လား...ဒီတစ်ခါဘဲနော်.."
" အင်း..promise..ကို ဂတိပေးတယ်ကွာ..
ဟုတ်ပြီလား.."" အဲ့တာဆို တိုက်.."
ထယ်စကားတွေအဆုံးမှာ ဂျွန်ဂျောင်ကုမျက်နှာကြီးပြုံးဖြီးသွားလေရဲ့...
ခပ်သွပ်သွပ်သာ ရေတစ်ခွက်ခပ်ပြီး ဘေးနားက
ဆေးတစ်လုံးယူကာ..ချစ်ရသူလူဆိုးလေးကို
တိုက်ရတော့သည်..." အင့်...ခါးတယ်..."
" ဟုတ်ပြီ....မခါးအောင် လုပ်ပေးမယ်.."
စကားနဲ့သာ လက်တွေ့ပြတတ်သူ ဂျွန်ဂျောင်ကုက အညိုရောင်ခပ်ဖျော့ဖျော့ နှုတ်ခမ်းတွေကို ငုံထွေးဖြစ်သည်..
" အင့်..."
ထယ်ရဲ့ လက်တစ်ဖက်ကိုဆုပ်ကိုင်လာတဲ့ ဂျောင်ကု လက်တွေ...

Part 2
Start from the beginning