" အော်...."
စာရင်းရှင်းစရာ ကိစ္စတစ်ခုကို တွေးမိပြီးသည့် အချိန်မှာတော့ သူ ထယ်ရှိနေမည့်နေရာကို ခန့်မှန်းလို့ရလေပြီလေ....
ကိုယ့်အချစ်..ထယ်ကောက်စိန်လေးက..... ညက ကိစ္စကြောင့် ကောက်ကွေးနေလောက်ရောပေါ့...
ထယ် ရှိနေမည့်နေရာသို့သာ ကျွန်တော့်ခြေလှမ်းတွေ ဦးတည်မိသည်...
ထယ် ရဲ့ အိပ်ခန်းဘယ်ဘက်အခြမ်းက ထယ်ရဲ့
စိတ်အပန်းဖြေရာ နေရာတစ်ခု....ဒေါက်....ဒေါက်...
" ကိုယ်ဝင်လာပြီနော်...ထယ်.."
"___________"
" ဟက်....ဟက်.."
အထဲမှ ကောက်ကွေးစိန်လေးကြောင့်
သူ ခပ်တိုးတိုး ရယ်မိသည်....ကိုယ့်အချစ်က ရေဆုံးမြေဆုံးကောက်နေရင်..
ကိုယ်က ကိုယ့်အချစ်တွေပေးပြီးတော့ကို..
ရေဆုံးမြေဆုံး ဖြောင့်ပေးမှာ ဗျာ...ဂျောက်.....
အခန်းတံခါးဖွင့်ကာ ဝင်လိုက်တော့...မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုက သူ့နှလုံးအား အခုန်မြန်စေသည်......
ဒီမြင်ကွင်းလေးက သူသိပ်သဘောကျရတဲ့
ဖြစ်တည်မှုလေးတစ်ခု....ကျွန်တော်သိပ်ချစ်ရတဲ့ ကောင်လေးဟာ..
သူသိပ်သဘောကျတဲ့
ဂစ်တာလေး တစ်လက်ဖြင့်...တည်ရှိနေတဲ့ အရာတွေအားလုံးမှ မြတ်နိုးသဘောကျမိတဲ့ မြင်ကွင်းတစ်ခုဆိုလျှင်...
ကင်မ်ထယ်ယောင်း ဆိုတဲ့ကောင်လေးနှင့်.
တွဲဖက်မြင်နေရတဲ့ဂစ်တာတစ်လက်..." ထယ်...."
"__________"
သူ့အသံကြားသည်နှင့် ရင်တွင်ပိုက်ထားသော
ဂစ်တာအညိုကို ဘေးနေရာကို ချကာ..
ခန်းဆီးစတွေကြားမှ နေရောင်ခပ်ဖျော့ဖျော့ ကျနေသော
နေရာသို့ ချစ်ရသူဟာ ဦးတည်သွားတယ်...မလှမ်းမကမ်းမှာ မြင်နေရတဲ့ ကျွန်တော့်ချစ်သူ..
ပွယောင်းနေတဲ့ ဆံနွယ် ပျော့ပျော့တွေက
အညိုရောင် ဆွယ်တာ အပွ ဖြင့်လိုက်ဖက်ကာ
အသားဆောင်နေသည်...အညိုရောင်ဆွယ်တာအကျီကြားနှင့် မကောက်တကောက် ဆံနွယ်တွေကြားမှ တည်ရှိနေသော
ချစ်သူ့မျက်နှာသည်က ခပ်စိမ်းစိမ်း...

Part 3
Start from the beginning