" အကိုမပျော်မှ ကျွန်တော်ပျော်နေနိုင်မှာမလို့ "
အတ္တကြီးသည့် စကားများကို ရှေ့တန်းတင်မိကာ..သူ့လက်မောင်းပေါ် အိပ်ပျော်နေသူ...သူ့ခါးပေါ် သိုင်းဖက်ထားတဲ့ ထိုလူ့လက်တွေကို
တွန်းဖယ်ကာ တစ်ဖက်သို့ လှည့်အိပ်ပစ်သည်.." ကောင်းကောင်းအိပ်ပျော်နေပြီမလား ထယ်....
ကိုယ်ကလွမ်းလှပြီ.."ထိုသူ့အတွေး တွေက ထိုမျှသာ...ဘေးနေရာမှ ရှိနေသည့် ထိုကောင်လေးအကြောင်းအား စဥ်းစားခန်းတစ်ခုတောင် မဖွင့်ခဲ့ချေ.....
လွမ်းသည့်စိတ်တွေကို မျက်လုံးတွေ စုံမှိတ်ချရင်း အံတုမိသည်...
သူမြန်မြန်အိပ်ပျော်သွားမှ ဖြစ်မည်....ထိုအတူ ဘေးနေရာမှ ထိုကောင်လေးဟာလည်း
ဂွမ်းကပ်စောင်ထူထူကြီးကြားမှာ မြှုပ်ကာ အိပ်ပျော်လို့နေလေပြီ.....ဘုရားစူး ဂျွန်ဂျောင်ကုရဲ့ မသိစိတ်တွေက
Happy birthday ဆိုသည့်စကားစုလေးအား
ထပြောခဲ့သည့်အချိန်က မနက်ဝေလီဝေလင်း
၄နာရီတိတိ.....:::::::::::::::::::::::::::
ဟင့်......
အညောင်းဆန့်သံတစ်ခုနှင့်အတူ စောင်ထူထူကြားထဲမှ ပေါ်ထွက်လာသည်က ယနေ့၏ မွေးနေ့ရှင်...
" ယနေ့တစ်နေလုံး ကျွန်ုပ်ချစ်ရသူနှင့် ပျော်ရွှင်ရပါစေလို၏..."
ဆုတောင်းသံတစ်ခုနှင့်အတူ သူ အိပ်ယာထဲမှ အမြန်ထလိုက်သည်....
သူရေချိုးပြင်ဆင်ပြီးတာနဲ့ ပင်လယ်ကိုသွားဖို့
မောင့်ကို နှိုးရမှာ..ခပ်မြန်မြန်ရေချိုးကာ...ခပ်သွပ်သွပ်ပြင်ဆင်ပြီး
မောင့်ကို နှိုးဖို့သာ ပြင်လိုက်သည်....အိမ်ထောင်သက် သုံးလအတွင်းမှာ ပထမဆုံးအကြိမ်အေနနှင့် မောင့်ကိုနှိုးရမှာမလို့ သူနည်းနည်းတော့ ကြောက်နေမိသည်.....
" မောင်....မောင်...ထတော့လေ."
သူတိုးလျစွာဖြင့်သာ မောင့်ကို နှိုးမိသည်...
မောင့်ပခုံးကို အသာကိုင်ပြီးနိုးမိတော့ မောင်ရဲ့မျက်လုံးလေးတွေက မပွင့်တပွင့်ဖြစ်လာသည်...

Part 8
Start from the beginning