" မောင်...၈နာရီရှိပြီ..."
" အင်း..."
ခါတိုင်းလို ဆူပူကြိမ်းမောင်းမှုမရှိဘဲ.အင်းတစ်လုံးသာ ဆိုပြီး အိပ်ချင်မူးတူး ဖြင့်မောင်က
ရေချိုးခန်းထဲသို့တန်ဝင်သွားသည်...." ငါမနက်စာပြင်ထားလိုက်မှာမလို့ ရေချိုးပြီးရင်ဆင်းလာခဲ့နော် မောင်..."
ရေချိုးခန်းထဲကသူကို ထိုစကားဆိုပြီးသာ
သူအောက်ထပ်သို့စဥ်းစားလိုက်သည်....လွယ်လင့်တကူရှိတဲ့ ပေါင်မုန့်ကိုသာ မီးကင်ပြီး
ကော်ဖီခါးခါးလေး တစ်ခွက် ဖျော်ထားလိုက်သည်...ငါကတော့မစားလည်းအဆင်ပြေတယ်မောင်...
မောင်နဲ့ အတူရှိနေရင် ငါအလိုလိုဗိုက်ပြည့်နေမှာမလို့...." ဟီး....မဖြစ်လာသေးတဲ့ နေ့လေးတစ်နေ့အတွက် သူရင်ခုန်နေမိပါသည်..."
ကော်ဖီခွက်ကို စားပွဲခုံပေါ်မှာ ချပေးနေတုန်း
မောင်က ထမင်းစားခန်းရှေ့ကို ရောက်လာသည်..မိုးကာသား အနက်ရောင် အနွေးထည်အောက်မှာ
ခေါင်းစွပ်အနက်ရောင်ဖြင့် ထိုသည်ကို Jeanအနက်ရောင်အပွဖြင့် တွဲဖက်ဝတ်ထားသည်...ဂုတ်ထောက် ဆံပင်ရှည်တွေက ခြောက်မည့်ပုံမပေါ်ဘဲ ကော့ပြန်လန်ကာ...အောက်အနားတွေကောက်နေသည်....ဖြစ်နိုင်ရင် မောင်ရဲ့ဆံပင်ရှည်ကြီးကို သူသဘောမကျပါ....
" အဲ့မှာ ဘာရပ်လုပ်နေတာလည်း..."
သူကိုငေးကြည့်နေမိသည့် ကျွန်တော့်ကို
မောင်ကမကျေနပ်သလိုကြည့်လာသည်..." မဟုတ်ဘူး...ဒီမှာနော် မောင် ငါမင်းအတွက် မနက်စာပြင်ပေးထားတယ်..ငါအနွေးထည်သွားယူလိုက်ဦးမယ်နော်..မင်းစားထားလိုက်.."
ပြောချင်ရာပြောပြီး ပြေးထွက်သွားတဲ့ သူ့ကို
ဂျောင်ကု တစ်ဆုံးလိုက်ကြည့်နေမိသည်..." ဒီလူ တကယ်ပျာယာခတ်တာဘဲ..."
စုပ်သတ်တစ်ချက်သပ်ရင်းသာ သူ့အတွက်ပြင်ပေးထားတဲ့ မနက်စာကို ဖုန်းကြည့်ရင်းသာ
ထိုင်စားနေလိုက်သည်....." မင်းရော ထနေပြီလားထယ်....သုံးရက်တောင်ရှိပြီမို့ကိုယ်လွမ်းလှပြီကွာ..."

Part 8
Start from the beginning