抖阴社区

                                    

ထို့နောက်တွင်တော့ သူဆုံးဖြတ်ချက်တစ်ခုကို
သေချာချလိုက်သည်...

" ဒီနေ့မှ ဖုန်းမဆက်ရင် ကိုယ်လိုက်လာတော့မှာထယ်.."

" မောင်.....ငါတို့သွားကြရအောင်.."

လှေကားပေါ်က ဝရုန်းသုန်းကားပြေးဆင်းလာသူ...

" အင်း...."

ကုတ်တစ်ထည်သာ ထပ်ဝတ်လာသူကို သူ
သေချာကြည့်လိုက်မိသည်....

ဒီလိုပုံစံနဲ့သာ ပင်လယ်သွားလို့ကတော့ ရှိသမျှသွားတွေ ခိုက်ခိုက်တုန်ရင်း ကျွတ်ကျကုန်မှာ...
ဒါပေမယ့် နေပါ...သူအေးမှာလေ...ငါအေးမှာမှမဟုတ်တာ..

ထိုအတူ့ ပြောင်လတ်နေသောmodelမြင့်ကားတစ်စီးနှင့်အတူ ထိုသူနှစ်ဦး ဦးတည်လိုက်သည်က အနီးအနားကပင်လယ်ဆီသို့သာ...

::::::::::::::::::::::::::

စိတ်အပန်းဖြေရာ နေရာတစ်ခုလို့ တွေးထားမိတဲ့ ထိုနေရာမှာ သူအချိန်ကြာကြာထိုင်နေမိသည်..

နေရောင်စူးစူးတွေကို မုန်းတာမလို့ခန်းဆီးစကိုလုံအောင်ပိတ်ပြီး ဂစ်တာတီးရန်သာ ပြင်လိုက်တော့သည်....

" ဟင်...."

ဆိုဖာပေါ်ကို စိတ်ပျက်လက်ပျက်ထိုင်ချသူက
ဘာတွေကို အလိုမကျသည် မသိ...
မျက်နှာခက်ထန်ထန်ကြီးက ဆံပင်အကောက်တွေဖြင့်မလိုက်...

" ငါ့ကိုအရေးတောင်မလုပ်ဘဲ..သူနဲ့ပျော်မွေ့နေတာတော့မဟုတ်ဘူးမလားဟင်..."

ဝမ်းနည်မှုတွေ အလိုမကျမှုတွေဖြင့် ဂစ်တာကို
အားပါပါဆုပ်ကိုင်ကာ တီးမည်အပြု...

အာ့....

အသံငြှိတဲ့ကြိုးကို ဖိချမိသဖြင့် ပျက်ထွက်လာသော ကြိုးစက သူ့လက်အား လာမှန်သည်...

" ဟင့်...."

လွမ်းသည့်စိတ်ကလည်း အငိုတွေကို တိုက်စားနေသည်....
ခြင်ကိုက်သလောက်တောင် မနာတဲ့ အနာကို..သူပုံကြီးချဲ့ကာဖြင့်သာ မျက်ရည်တွေ ကျချင်နေမိသည်....

" ငါလည်းလွမ်းလှပြီ ဂျောင်ကု.."

ဝမ်းနည်းသံတွေ ဆွက်ဖက်နေတဲ့ ထိုကောင်လေးရဲ့စကားတွေမှာလည်းငိုသံအချို့ဟာ နှီးနှောနေခဲ့သည်....

Only Once?Where stories live. Discover now