" ရား.....ကင်မ်ဆော့ဂျင် မင်းဘယ်မှာလဲ.. ဘယ်မှာလဲလို့."
မည်သူတစ်ဦးတစ်ယောက်မှ မရှိသည့် ထိုပင်လယ်တွင် သူ၏ခပ်သြသြအသံက ပျံ့လွင့်နေသည်.....
" ဘယ်မှာလဲလို့..... "
" ယား......ပြန်လာခဲ့ ကင်မ်ဆော့ဂျင် "
" ဘယ်မှာရောက်နေတာလဲလို့..."
တောင်စဥ်ရေမရစကားတွေသာ ထပ်ခါထပ်ခါရေရွတ်ရင်း နှင်းတောထဲတွင် ဒူးထောက်ထိုင်နေသူက အရှုံးသမားတစ်ယောက်လို....
" မဟုတ်မှ အိမ်ပြန်ရောက်နေပြီလား..ငါနဲ့များလမ်းလွှဲသွားလို့လား...အင်းဟုတ်တယ် ငါအိမ်ကစောင့်နေမှ ဖြစ်မယ်.."
တလွှဲအတွေးတွေဖြင့်ယူဆကာ သောင်ပြင်နှင့်ခပ်လှမ်းလှမ်းတွင် ရပ်ထားသည့်သူ့ကားဆီသို့သာ
ခပ်သွပ်သွပ်သွားတော့သည်....အိမ်ပြန်လမ်းတစ်လျှောက်လုံးမှာ ခေါင်းတစ်ခုလုံးက တောင်လှည့်မြောက်လှည့်ဖြင့်...
သူ၏မသိစိတ်က ထိုကောင်လေးအား လိုက်ရှာနေသည်ကိုတော့ သူမည်သူတစ်ဦးတစ်ယောက်ကိုမှ ပြောပြလိမ့်မည်မဟုတ်......ဒုတိယအကြိမ် ထပ်မံရောက်ရှိလာသော အိမ်ဟာ
ထိုနည်းတူစွာပင်...
ပိတ်လျက်သာရှိနေခဲ့သော အိမ်တံခါးက
ယခုလည်း ပိတ်မြဲတိုင်းပင်...." ဟူး.....အခုထိလည်းမရောက်သေးဘူးလား
လမ်းတစ်လမ်းလုံးမှာလည်း မတွေ့ခဲ့တာကို..."မှောင်မဲနေသော အခန်းတစ်ခုလုံးက သူ့အားလှောင်ရယ်နေသလို...
ရင်ဘတ်ထဲ၌ အတိုင်းအဆမရှိပူလောင်နေသည်ကို လျစ်လျူရှုကာ သူအကျအနခင်းထားသည့် အိပ်ယာပေါ်မှာ ကန့်လန့်ဖြတ် လဲနေလိုက်သည်...
" အင်း.... မိုးချုပ်နေလို့များ အသိတစ်ယောက်ယောက်အိမ် ဝင်အိပ်နေတာလား.."
" ဟုတ်တယ်...အသိတစ်ယောက်အိမ်မှာ
ဝင်အိပ်နေလောက်မှာပါ "သူမေးခဲ့သည့် မေးခွန်းတွေကို သူကိုယ်တိုင်သာ
အဖြေရှာခဲ့ရသည်....
ထိုနောက်တွင်သာ မှေးစင်းလာတဲ့ သူ့မျက်ဝန်းအိမ်တွေရဲ့ ပုတ်ခတ်မှုကိုမလွန်ဆန်နိုင်သဖြင့်
ထိုသူတို့ရဲ့အလိုကိုလိုက်ကာ အိပ်စက်ခြင်းဆီသို့

Part 9
Start from the beginning