抖阴社区

                                    

:::::::::::::::::::::::::::

ဟင်း......

အာရုဏ်ဦးနံနက်ခင်းမှာ ကြားလိုက်ရသည့် ညည်းသံသဲ့သဲ့. ,.

" အား....ကျွတ်...ခေါင်းတွေကိုက်လိုက်တာ "

သစ်သားရောင် တိုင်လုံးဖြင့် ထိုးဆောက်ထားသော မျက်နှာကြတ် ကျယ်တစ်ခု...ပစ္စည်းပစ္စယ
တစ်ခုတောင်မရှိတဲ့ ထိုအခန်းထဲတွင် သူတစ်ယောက်သာ...

" ဟင်....ငါဘယ်ကို.."

အမြင်စိမ်းစွာရှိနေတဲ့ အိမ်ကြောင့် သူအိပ်ယာမှ ကုန်းရုန်းထမိသည်...
မြင်သာစွာ ရှိနေသည့် တံခါးပေါက်ဆီသို့သာ
ဦးတည်ပြီး သူအပြင်ကိုထွက်လာလိုက်သည်..

ဂျောက်....

သူ့တံခါးဖွင့်သံအဆုံးမှာ မလှမ်းမကမ်းမီးဖိုချောင်မှာ ရှိနေသည့်အဖွားအိုတစ်ယောက်က သူ့အားလှည့်ကြည့်သည်...

" အော်...မြေးသတိရပြီလား "

အသက်ခပ်ကြီးကြီး အရွယ်ရှိသည့်ထိုအမျိုးသမီးကြီးက သူ့အားလှည့်ကြည့်ကာမေးလာသည့်စကား...

" ဟုတ် အဖွား..ကျွန်တော်သတိရပါပြီ..ဒါနဲ့ ကျွန်တော်က ဘယ်နေရာကို "

သိလိုစိတ်ဖြင့် မျက်လုံးလေးပြူးကာ မေးမိတော့ အဖွားက သူ့ကိုခပ်စစလေးကြည့်လာသည်..

" မစိုးရိမ်ပါနဲ့ ငါ့မြေးရဲ့...ဒါပင်လယ်နားက အိမ်လေးပါ...အဖွားတို့အလုပ်သိမ်းပြီး ပြန်တော့
သားက ပင်လယ်မှာ လဲကျနေတာလေ...အဲ့တာနဲ့ဘဲ အဖွားက ဒီအိမ်ကိုခေါ်လာခဲ့တာ.."

" ဗျာ...ဟုတ်.. ဟုတ်..ကျေးဇူးတင်ပါတယ် နော်အဖွား...
အဖွားတို့သာ ကျွန်တော့်ကို ဒီအိမ်ခေါ်မလာခဲ့ဘူးဆိုရင် ကျွန်တော်အခုချိန်မှာ အသက်ရှင်လျက်
ရှိနေလောက်မှာမဟုတ်ဘူး..."

" အိုကွယ်....အဲ့လိုစကားတွေကို မပြောပါနဲ့
ဘာတွေများ...ဘာအကြောင်းရင်းတွေကြောင့်များ..အဲ့အချိန်ကြီးထိ အဲ့နေရာမှာ..စောင့်နေရတာလဲ.."

" ဗျာ..."

အဖွားရဲ့ မေးခွန်းတွေကို နားမလည်သလိုမေးမိတော့ အဖွားက ထမင်းပန်းကန်ကြီးကို သူ့ရှေ့ထိုးပေးလာသည်....

Only Once?Where stories live. Discover now