" စားလိုက်ဦး...ပြန်ရမယ်မလား... "
" ဟုတ်ကဲ့ "
အဖွားစကားတွေကို သူ့အတွန့်မတတ်ဘဲ ရှေ့မှာရှိနေတဲ့ ထမင်းပန်းကန်ကို အရံဟင်းတွေနှင့်တကွ
တွဲဖက်စားလိုက်သည်..." မြင်လိုက်တယ်....မနက်က ကောင်လေးတစ်ယောက်နဲ့အတူလာတာကို "
" ဟင် "
အဖွားစကားအဆုံးမှာ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ဇွန်းရှည်ကြီးကို ဘေးနေရာသို့ လွှတ်ချမိသည်...
" အဲ့ကောင်လေးနဲ့အတူရှိနေတုန်းက မင်းပြုံးလိုက်တဲ့ အပြုံးလေးတိုင်းက လှတယ်.."
" ----------"
" နာမည်ဘယ်လိုခေါ်လဲ "
" ကင်မ်ဆော့ဂျင် ပါ "
" စိတ်ရှည်ရှည်နဲ့ စောင့်ပေးနေလိုက်ပါ သား...
အချိန်တန်ရင်တော့ မင်းမှမင်းဘဲ ဖြစ်သွားလိမ့်မယ်.."" ဗျာ..."
အဖွားရဲ့စကားတွေကို နားမလည်တဲ့အဆုံး တဟင်ဟင် တဗျာဗျာသာ သူပြောနေမိလိုက်သည်..
" အဖွားက နေ့လည်က ရေညှိလှမ်းနေတဲ့ထဲမှာ ပါတယ်လေ..မင်းတို့လာကတည်းက အဖွားကလှမ်းကြည့်နေတာ..သူကလည်း မင်းကိုကြည့်ရင်း
ပြုံးနေတယ်လေ..မင်းနှင်းတွေထဲမှာ ဆော့ကစားနေတာကို ကြည့်ပြီး သူပျော်နေတယ် ထင်ပါရဲ့.."အဖွားစကားတွေအဆုံးမှာ သူထိုင်နေရာမှ ငေါက်ကနဲ့ထရပ်လိုက်သည်....
" ကျွန်တော် ပြန်တော့မယ် အဖွား... နောက် လည်းအဖွားဆီမကြာမကြာလာလည်မယ်လေ.."
" ဟင်...အင်းကွယ် အင်း....သူလည်းမျှော်နေရော်ပေါ့..ပြန်တော့လေ "
အဖွားကိုနှုတ်ဆက်ပြီး အပြန် သူဟာပျော်သလား ဝမ်းနည်းနေသလား ခွဲခြားစိတ်ဖြာ၍မရ..
လေးကန်နေသော စိတ်အစုံနှင့်အတူ တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုသည့်အတိုင်း ကျေးဇူးရှင်အဖွားကိုလည်း ဂါဝရပြုဖို့ရာ သူမမေ့ခဲ့......::::::::::::::::::::::::::::
" ဖုန်းဆက်လိုက်ရမလား "
လူရှင်းရှင်း လမ်းမကြီးအထက် သူတစ်ဦးတည်းသာရှိနေသည့်မို့ ရေရွတ်မိသည့်စကား..

Part 9
Start from the beginning