{Unicode}
...သူက ငါချစ်လို့ ယူထားတဲ့သူ
ငါချစ်လို့ ယူထားတဲ့သူက
ငါ့အနားပဲ ရှိသင့်တာပေါ့....။***
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. နယုန်လ...
ကျွန်တော်တို့ ကျောင်းတက်ဖို့ ကိစ္စများကို ပြန်စီစဥ်နေရသည်...။ ဒီအတောအတွင်းကတော့ ထိုကိစ္စများဖြင့်ပင် လည်ပတ်နေရသည်...။
"ပျိုးငယ်လေး... ကျောင်းပြန်တက်တော့ဖို့ဆို... "
"ဟုတ်ကဲ့... မမ..."
"အယ်... ဟုတ်ပါ့မလား...ငဦးက အဲ့လိုကျတော့ လွှတ်ပါ့မလား။"
ဒီနေ့ အိမ်မှာ ပွဲလေးတစ်ပွဲ ရှိသည်မို့ အိမ်မှာ ကူလုပ်ပေးနေသည့် အစ်မတစ်ယောက်၏ စကားအဆုံးမှာတော့ ကျွန်တော် သဘောကျစွာ ပြုံးလာသည်...။
အစ်ကိုကတော့ အိမ်ဝိုင်းတစ်ဝိုင်းလုံး အပြည့်နီးပါး ရှိနေသည့် ယောကျ်ားလေး ချက်ဖိုဘက်မှာ ရှိနေသည်။ အစ်ကို့ကို ကြည့်ရတာ အလုပ်ကြိုးစား လုပ်နေဟန်ရှိပြီး ခြေလှမ်းကျဲများက အတော်လေး အလုပ်ရှုပ်နေဟန်ပင်။
"အစ်ကို ကိုယ်တိုင် ပြောတာပါ မမရယ်...။ ပျိုးငယ်တို့ နှစ်ယောက် ကျောင်းပြန်တက်ရတော့မယ်..."
ကျွန်တော့်ရဲ့ ထိုစကားကြောင့် ကျွန်တော်နှင့်အတူ ရှိနေသည့် အစ်မက အထူးအဆန်းသဖွယ် ဖြစ်နေသည်။ ကျွန်တော် ကြည့်နေသည့် အစ်ကို ရှိသည့် နေရာကို ကြည့်လိုက်မိပြီးသည်နှင့် ....
"ဘယ်လို သူက တက်ခိုင်းတာ ဟုတ်ရဲ့လား.. မဖြစ်နိုင်တာ... ငဦးက အဲ့လိုမျိုး ခွင့်ပြုမှာ မဟုတ်ဘူးနော်..။"
ဟုတ်သည်။ ဒီအတိုင်းဆို ခွင့်ပြုချင်မှ ခွင့်ပြုပေမယ့် အစ်ကိုနှင့်ကျွန်တော့်အကြား ကတိတစ်ခုက သူစိတ်ချလောက်သည့်အထိ တစ်စုံတစ်ခုကို ရပြီးမှ သွားခိုင်းမှာ အသေအချာပင် ဖြစ်သည်။ အဲ့ဒီ ကတိအကြောင်းကို တစ်နေ့ကပင် ကျွန်တော် ပေးခဲ့တာ ဖြစ်သည်။
