抖阴社区

??????? (??)

16.3K 719 81
                                    

{Unicode}

... Bae..
မင်းကို လွမ်းတဲ့ စိတ်နဲ့... Serial killerတွေ အကြောင်း ကြည့်မိသလို...
မင်းကို သတိရတဲ့ စိတ်တွေနဲ့လည်း ဓားတွေ မြည့်နေအောင် သွေးထားမိတယ်။

****

ဒီနေ့...

ပျိုးငယ် ကျန်းမာရေး အနည်းငယ် ကောင်းလာသည်နှင့် ကျောင်းတက်သွားရတော့မည် ဖြစ်သည်။ အိမ်ကတော့ ဟိုကိုယူဖို့ အပြည့်အစုံစီစဥ်ရပေမယ့် သားတော်မောင်ကတော့ မသွားခင် သုံးရက်အလိုကတည်းက သူ့လူကို သူ့ရင်ခွင်ထဲက မချတော့...။

"ပျိုးငယ်... ဒါလေး ထည့်လိုက်မယ်နော်..."

"ဟုတ်ကဲ့ အရီးလေး ပျိုးငယ် ကူထည့်မယ်နော်..."

ထိုစကားနောက်မှာတော့ တစ်စုံတစ်ယောက်က ပျိုးငယ်ကို နောက်မှ ပွေ့ချီလိုက်တာမို့ အနည်းငယ် ထိတ်လန့်သွားပေမယ့် နောက်ကို ကြည့်မိတော့ သားတော်မောင် ဖြစ်နေသည်...။

ဒုက္ခပါပဲ...
အခုလဲ စီစဥ်နေတာ မပြီးခင် ခေါ်သွားပြန်ပြီ ဖြစ်သည်...။

သူ့ပုံစံက အလွန်ကို ခံစားနေဟန် ရှိသည်...။ ဒီရက်ပိုင်း ပျိုးငယ်က ကောင်းကောင်းပင် မနေရ... သူ အခုလိုပင် ပွေ့ချီသွားတတ်တာမျိုးပင်...။

အစ်ကိုက ကျွန်တော့်ကို ပွေ့ချီပြီးသည်နှင့် သူထိုင်နေကျ ဆိတ်ဖလူးပန်းပင်အောက်မှာပင် ဖြစ်သည်...။ ဆောင့်ဆောင့်ထိုင်ကာ ကျွန်တော့်ကို သူ့ရင်ခွင်ထဲမှ ပုဆိုးလုံကွင်းထဲသို့ ပုံမှန်အတိုင်း ထည့်ထားသည်...။

လက်တစ်ဖက်က ကျန်သည့် တစ်ဖက်ဒူးပေါ် တင်ပြီး ကျန်တစ်ဖက်က ဆေးလိပ်ရော ဘီယာဗူးပါ ကိုင်ထားသည်မို့ သွေးခုန်နှုန်း တစ်ချို့၏ လျော်ကန်မှုကြောင့် အစ်ကို့လက်မှာ အကြောပြိုင်းပြိုင်းများက ထွက်လာပြန်သည်။

ကျွန်တော်လည်း အစ်ကို့လက်အနေအထားအတိုင်း လိုက်လုပ်ကြည့်ပေမယ့် သွေးရောင်ဖြင့် ထိုအကြောတို့ ထွက်မလာစဥ်မှာတော့ အစ်ကို့မကြောများကိုသာ ဖိနှိပ်ကာဖြင့် ရှိနေသည်....။

အစ်ကိုကတော့ ကျွန်တော့်ကို ဘာမှမပြောဘဲ စိတ်ကြိုက် အကြောများကို ဆော့ကစားဟန် ပြုထားပြီး ဖြစ်သည်....။

????? ????????????????????? (s2- complete)Where stories live. Discover now