{Unicode}
...ချစ်တာက အတ္တတွေလည်း ပါချင်ပါမယ်
ဒါပေမယ့် ပွင့်တဲ့ပန်းတိုင်းက
နမ်းရှိုက်ဖို့မှ အဆင်မပြေတာ...***
နောက်တစ်နေ့...
နံနက်ပိုင်း
"ကဲ ဒါဆို သွားကြတော့ .. ပျိုးငယ်လေး ကျောင်းနောက်ကျလိမ့်မယ်... တစ်ခါတည်းသာ ပို့လိုက်တော့နော်။"
နံနက်ပိုင်းမှာတော့ ပျိုးငယ်ကို ကျောင်းပို့ဖို့ ပြင်ဆင်နေမိသည်။ ပျိုးငယ်အတွက် လိုအပ်သည့် အရာများကို မမေ့အောင် သေချာလေး သိမ်းဆည်းနေမိသည်။ အားလုံး ဆိုင်ကယ်ကို တင်ပြီးသည်နှင့် အနားမှာ ရောက်လာသည့် ပျိုးငယ်...
"ကလေးလေး... သက်သာရဲ့လား။"
"......"
မနေကတည်းက စိတ်ကောက်ပြီး ဘာစကားမှ မပြောလာတော့တာ အခုထက်ထိ ဖြစ်သည်။ စိတ်ကောက်နေသည့် သူ့ပုံစံကို သဘောကျစွာ ရယ်သွမ်းလိုက်ပြီးသည့်နေစဉ်မှာပင် နောက်ဖက်မှ မိမိခါးကို ကိုင်ကာ နောက်ခုံမှ တက်လာသည့် သူ...။
"ဆိုင်ကယ်ရော စီးနိုင်ရဲ့လား၊ မစီးနိုင်ရင် ပြောနော်..."
"......"
ထိုအချိန်အထိ ဘာစကားမှ ဆိုမလာသည့် သူ....။ တကယ်ကို ကောက်နေသည်ပဲ။ သဘောကျစွာ ရယ်သွမ်းလိုက်ပြီးသည့်နောက် ဆိုင်ကယ်ကို မူလအရှိန်ထက် ကီလိုလျှော့ကာ မောင်းလိုက်မိသည်...။ တစ်လမ်းလုံး မိမိက စကားပြောလိုက် ရှိနေမယ့် ကောက်စိန်ကတော့ စကားတစ်ခွန်းမှ အင်းအဲ မလိုက်...။
သူတို့ တက္ကသိုလ် မရောက်ခင် မြို့အနီးမှာတော့ ဆိုင်ကယ်ကို ရပ်တန့်လိုက်မိသည်...။ ထိုအချိန်မှာတော့ နောက်ဘက်မှာ ထိုင်နေသည့် တစ်စုံတစ်ယောက်က မိမိအား ရုတ်တရက် ချို(ဂျို) ကြည့်ကြည့်လာသည်။ အပြုံးများဖြင့်ပင် အလှလေးကို ကြည့်နေပြီးသည့်နောက် ဆိုင်ကယ်ကို လမ်းဘေးတစ်ဖက်မှာ ကပ်လျက်ဖြင့် ရပ်ထားခဲ့သည်။
"မနက်စာ စားရအောင်..."
"ဟင်း... မုန်းစရာကြီး... "
ဒီစကားက စိတ်မကျေနပ်မှုမပါဘဲ ဒီအတိုင်း စိတ်ကောက်ချင်သည့်စိတ်နှင့် ပြောခဲ့ပေမယ့် အစ်ကိုကတော့ဖြင့် ကျွန်တော့်ကို ငြိမ်သက်စွာဖြင့် စူးစိုက်ကာ ကြည့်နေသည်။
