{Unicode}
... ငါ့မိန်းမက မင်းတစ်ယောက်တည်းပဲ
သောက်သံသယတွေ ဝင်မနေနဲ့.....ယခင်အပိုင်းမှ အဆက်...
အစ်ကိုက ကျွန်တော့်ကို ကြည့်ပြီး သူ့သူငယ်ချင်းများနှင့်အတူ ကျောင်းသို့ ပါသွားလေသည်။ ကျွန်တော်ကတော့ နေမကောင်းသည့် အကြားကပင် ဆေးခန်းသွားပြီး အစ်ကို့နောက်ကို လိုက်ဖို့ လုပ်ရမည် ဖြစ်သည်။ အစ်ကိုက ကျောင်းကို သွားဖို့ ငြင်းနေပေမယ့်... အစ်ကို့ရဲ့ ကျောင်းချိန်က နီးနေသည်မို့...
ဆေးခန်းကို ခဏသွားပြပြီးသည်နှင့် အစ်ကိုရှိနေသည့် ကျောင်းကို လိုက်ပါကာ အစ်ကိုသေချာ ပြောထားသည့် စာမေးပွဲခန်းရှေ့မှာပဲ စောင့်နေမိတော့သည်။အစ်ကို စာမေးပွဲ သွားဖြေနေသည့် ဘက်ကို ကြည့်ကာ စောင့်နေမိသည်။ နာရီအနည်းငယ်အတွင်းမှာ စာမေးပွဲ ပြီးဆုံးသည့် အသံကြားသည်နှင့် ကျွန်တော်လည်း အစ်ကို့အခန်းရှေ့မှ စောင့်နေမိသည်။
အခန်းရှေ့ Corrider ဘေးမှာ လျှောက်နေရင်းပင် အခန်းထဲမှ ထွက်လာသည့် အစ်ကို့ကို လှမ်းမြင်ရသည်နှင့် ကျွန်တော်လည်း လက်ပြလိုက်မိသည်။
အစ်ကိုကတော့ ချက်ချင်းဆိုသလို ကျွန်တော့်ကို ကြည့်လာပြီး ကျွန်တော့်အနားသို့... အနားရောက်သည်နှင့် အစ်ကိုက ထုံးစံအတိုင်း ကျွန်တော့်ကို သိမ်းကျုံးဖက်လာသည်။
ဒီလိုနဲ့...
Exam နောက်ဆုံးနေ့သို့ ရောက်လာလေပြီ... အစ်ကိုကတော့ အခန်းထဲမှ မထွက်လာသေးပါ။ ခဏအကြာမှာတော့ အစ်ကိုက အခန်းထဲမှ ထွက်လာခဲ့သည်..။ အစ်ကိုကတော့ ကျွန်တော့်ကို တွေ့တွေ့ချင်း ပွေ့ဖက်လာသည်...။ ဘေးအနားမှာ လူအများကြီး ရှိနေသည်မို့ ကျွန်တော် အနည်းငယ် ရှက်ရွံမိသလို ဖြစ်မိပေမယ့် အစ်ကိုနှင့်ပတ်သတ်ရင် ဒီလို လုပ်လို့ မရသည့် အနေအထားပင်..။
အစ်ကို့သူငယ်ချင်းများကလည်း အစ်ကို့နောက်က ခပ်ကွာကွာမှာ လိုက်ပါလာခဲ့သည်။ အစ်ကိုနှင့် ကိုကျော်ကြီးကလည်း အဆင်ပြေနေခဲ့သည်။ ထိုအချိန်မှာပင် ကျွန်တော်လည်း သက်ပြင်းကို ချနိုင်မိတော့သည်။
