Chapter 109 – အဒေါ်လျောင်စက်ဘီးငှားရမ်းခြင်း
.ဒီလိုပြောရရင် စက်ဘီးတစ်စီးဝယ်လိုက်တာက အကြောင်းရင်းမရှိပဲပြဿနာအများအပြားယူဆောင်လာခဲ့သည်။ အခုတော့ ကြည့်ရတာ သူမအတွက်နောက်နှစ်အနည်းငယ်လောက် ကျေးလက်မှာမထင်မရှားလေးနေဖို့က ခက်ခဲမည့်ပုံရှိသည်။
ဒါပေမယ့် အခုမှဒါကိုတွေးကြည့်တာက နောက်ကျလွန်းသွားချေပြီ။ သူမကတစ်ကြိမ်မှာတစ်လှမ်းပဲလှမ်းနိုင်သည်။ လုရှသက်ပြင်းရှိုက်လိုက်သည်။
" ငှားရမ်းဖို့နဲ့ပတ်သတ်ပြီးရှင့်မှာကန့်ကွက်စရာရှိလား?"" မရှိပါဘူး မင်းအပေါ်ပဲမူတည်ပါတယ်"
ကျန်းကျွင်းမော့ ခပ်သွက်သွက်ပြန်ဖြေလိုက်သည်။သူ့အဖြေကြောင့်လုရှပြုံးလိုက်ပြီးမှ ရှင်းပြလိုက်သည်။
" ကျွန်မကတွန့်တိုနေတာမဟုတ်ပါဘူး တစ်ယောက်ယောက်မှာအရေးပေါ်ကိစ္စရှိရင်တို့ဘာတို့ဆို စက်ဘီးငှားပေးဖို့ကမဖြစ်နိုင်တာမဟုတ်ပါဘူး ဒါပေမယ့် သူတို့ပြောတဲ့ပုံစံကကိုယ့်ကိုကိုယ်တအားစိတ်ကြီးဝင်နေကြတာပဲ သူတို့ကကျွန်မတို့စက်ဘီးကို ဒီနေရာကပညာတတ်လူငယ်တွေအတွက် အများပိုင်ပစ္စည်းတစ်ခုလို သဘောထားနေကြတာ ဟုတ်ပါတယ် ကျွန်မပြောခဲ့တာကကြားရဆိုးပါတယ် သူတို့ကကျွန်မတို့ကိုသိက္ခာရှိရှိနဲ့လှည့်စားချင်နေကြတာကြောင့် ပြန်ချေပခဲ့တာ"ကျန်းကျွင်းမော့ ရယ်မောလိုက်သည်။
" ကျွန်တော်သိပါတယ် မင်းလုပ်လိုက်တာမှန်တယ် အစမှာမျက်နှာထောက်ထားတာကြောင့် တစ်ကြိမ်ငှားပေးလိုက်ရင် ဒုတိယအကြိမ်ဆိုတာရှိလာမှာပဲ နောက်ဆုံးမှာငြင်းဆိုဖို့ခက်ခဲလာလိမ့်မယ် ဒါကြောင့် ကျွန်တော်တို့ကအံကြိတ်ပြီးဆက်ငှားပေးဖို့ပဲတတ်နိုင်မယ် အဲဒီအခါကျရင် ဒီစက်ဘီးကအများအပိုင်သဘောမျိုးဖြစ်လာမှာပဲ"" ဟုတ်တယ်!"
လုရှခေါင်းညိတ်လိုက်သည်။
" ရွာသားတွေလည်းမနက်ဖြန်ကျရင်လာငှားနိုင်တယ် အဲဒီလိုဖြစ်လာတဲ့အခါကျရင် ကျွန်မတို့ဒီလိုပုံစံအတိုင်းပဲဖြေရှင်းလို့ရတယ်"" ကောင်းပြီ"
သူလွယ်လင့်တကူသဘောတူလိုက်တာကို မြင်လိုက်ရတော့ လုရှပြုံးလိုက်သည်။
" ရှင်ငြင်းရမှာအားနာနေရင် ကျွန်မလက်ထဲအပ်လိုက်ပါ ဘာပဲဖြစ်ဖြစ် ကျွန်မတို့မိသားစုမှာကျွန်မကဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူပဲလေ"

YOU ARE READING
???????????????????????????????????????????????
FantasyGenre- Drama Fantasy Historical Romance Slice of Life Author(s)- 静似骄阳 Associated Names- 穿书七零:我的炮灰丈夫十项全能 Eng Name- Transmigrating into a Novel: My Cannon fodder husband is almighty This is not my work. JUST FUN TRANSLATION.