抖阴社区

Chapter 140

3.8K 314 3
                                    

Chapter 140 –  စွင်းရှန်းနန်ရဲ့တုံ့ဆိုင်းခြင်း

.

မူလကစွင်းရှန်းနန်သည်ရှင်းပြချင်ခဲ့ပေမယ့် ဒါတွေအကုန်နားထောင်ပြီးနောက်မှာတော့ သူမကိုယ်သူမရပ်တန့်လိုက်ပြီး နောက်ဆုံးမျာအပင်ပန်းမခံတော့ရန် ဆုံးဖြတ်လိုက်သည်။

" ကြိုက်သလိုလုပ်‌ လုပ်ချင်တာသာလုပ်"
သူမပြောပြီးနောက်ထွက်သွားသည်။

ကျန်နေတဲ့ကျန်နေခဲ့တဲ့မိန်းကလေးဖြစ်တဲ့ ယွီဖန်းသည်ခံစားချက်ကင်းမဲ့စွာပြောလိုက်သည်။
" နင်စားလို့ပြီးသွားရင် ငါလာသန့်ရှင်းလိုက်မယ်"

ထို့နောက် သူမလည်းထွက်သွားသည်။ ခန်အပေါ်မှာလှဲလျောင်းနေရင်း ချန်ယွီကျောင်းသည်ဒေါသထွက်လွန်းလို့ အစားအသောက်တွေကို လွှင့်ပစ်လုနီးပါးဖြစ်သွားပေမယ့် အဆုံးသတ်မှာတော့ သူမကိုယ်သူမထိန်းချုပ်လိုက်ပြီး သူမပြန်ကောင်းလာတာနဲ့ သူမကိုအနိုင်ကျင့်တဲ့ဒီလူတွေကို ပြန်ပေးဆပ်ရအောင်လုပ်မယ်လို့ အံတင်းတင်းကြိတ်ပြီး ဆုံးဖြတ်လိုက်သည်။

ထိုစဉ် မနေ့ကစူးမန့်သည်အသားတွေကို ဘာလို့ရွာကိုတိုက်ရိုက်အပ်လိုက်တာလဲလို့ လုရှမှာသိချင်စိတ်ဖြစ်နေပြီး နောက်ရက်မှာတော့ စွင်းရှန်းနန်ဆီမှအကြောင်းရင်းသိလိုက်ရသည်။

စွင်းရှန်းနန်ကသူမနဲ့စကားလာပြောလေသဘ်။ နှစ်သစ်ကူးခါနီးပြီဖြစ်လို့ ရွာထဲကပညာတတ်လူငယ်အဟောင်းတစ်ချို့သည် မိသားစုဆီအလည်သွားဖို့ အိမ်ပြန်ရန်စီစဉ်နေကြသည်။

ကျေးလက်မှာရောက်နေတာတစ်နှစ်ကျော်ပြီဆိုရင် သူတို့ကအိမ်ပြန်လည်ဖို့ခွင့်ယူနိုင်သည်။ ဒါပေမယ့် အချိန်မီတော့ပြန်ရောက်ရပေလိမ့်မည်။ မဟုတ်ပါက ပြန်ပို့ခံရမှာဖြစ်ပြီး သူတို့ရဲ့နိုင်ငံရေးဆိုင်ရာအကဲဖြတ်ခြင်းတွေမှာ အဆိုးဘက်သက်ရောက်တဲ့မှတ်တမ်း ကျန်ရစ်ခဲ့နိုင်သည်။

စွင်းရှန်းနန်သည်ဒီနှစ်တွေအတွင်းမှာ အိမ်မပြန်ဖြစ်ခဲ့ပဲ ဒီနှစ်မှာတော့ မူလကပြန်ဖို့ကြံရွာ်ထားပေမယ့် အစောပိုင်းကညီမလေးရဲ့မင်္ဂလာပွဲအတွက် မင်္ဂလာလက်ဆောင်ဝယ်ပေးလိုက်ရတာကြောင့် သူမရဲ့ငွေရေးကြေးရေးက အနည်းငယ်ကျပ်တည်းနေသဖြင့် သူမကိုတုံ့ဆိုင်းစေသည်။

???????????????????????????????????????????????Where stories live. Discover now