抖阴社区

Chapter 181+182

2.3K 235 1
                                    

Chapter 181 –  အန္တရာယ်ကင်းတဲ့ကာလ
.

ယနေ့တွင် စွင်းရှန်းနန်ဒီအကြောင်းပြောတာကြားလိုက်ရတဲ့အခါမှာတော့ လုရှသည်ဒီကိစ္စကိုပြန်သတိရသွားသည်။

ဝတ္ထုထဲတွင် စူးမန့်ကကျေးလက်ကိုရောက်လာချိန်မှာ တောင်ပေါ်က‌ဂျင်ဆင်းရိုင်းတစ်ပင်ရှာတွေ့ခဲ့ပြီး သက်တမ်းအတော်လေးရင့်နေပုံရသည်။ ရောင်းချပြီးနောက်မှာ သူမကငွေပမာဏအမြောက်အမြားကိုရခဲ့ပြီး အဲ့ဒါကသူမကိုအဆက်အသွယ်တွေတည်ဆောက်နိုင်အောင် ကူညီပေးခဲ့ရုံတင်မကပဲ သူမရဲ့အနာဂတ်အလုပ်အကိုင်အတွက် စတင်တဲ့အရင်းအနှီးငွေပါဖြစ်လာခဲ့သည်။

အင်း အဲ့ဒီအဖြစ်ကဒီနှစ်ထဲမှာဖြစ်လာမလာနဲ့ သူမဘယ်နေရာမှာရှာတွေ့ခဲ့သလဲအတိအကျကိုတော့ လုရှမမှတ်မိဘူး။ ကြည့်ရတာ ဒီဂျင်ဆင်းရိုင်းကဇာတ်လိုက်မအတွက် ပြင်ဆင်ထားပေးဟန်တူသည်။

ထို့ကြောင့် လုရှကိုဒါကိုမှတ်မိပေမယ့် သူတို့နဲ့သွားပေါင်းပြီး ဇာတ်လိုက်မထက်အရင်သွားကြိုတူးဖို့ ကြိုးစားချင်စိတ်မရှိပါဘူး။ စွင်းရှန်းနန်ပြောခဲ့သလိုပဲ တောင်ကြီးကအလွန်ကျာ်ပြောပြီး ဂျင်ဆင်းကဘယ်နေရာမှာရှိနိုင််မလဲဆိုတာ သူမမသိပေ။ ရွာသားတွေပင်ဒီလောက်နှစ်တွေအကြာကြီး တစ်ခုမှရှာမတွေ့ခဲ့တာကြောင့် ဘယ်နေရာမှာရှိလဲဆိုတာ သူမသိရင်တောင် ရှာတွေ့နိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းမိသည်။ ဇာတ်လိုက်ရောင်ဝါကပြင်းထန်လွန်းသည်ဟုသာ ပြောနိုင်သည်။

ဒါကိုနားလည်သွားပြီးနောက်မှာ လုရှသည်ဝင်မပါရန်ဆုံးဖြတ်လိုက်သည်။ ဒါပေမယ့် သူမအိမ်ပြန်ရောက်လာချိန်မှာတော့ သူမကကျန်းကျွင်းမော့ကိုမေးလိုက်ပါသေးသည်။
" ရှင်'ဖန်းရှန်း'ကိုစိတ်ဝင်စားလား?"

ကျန်းကျွင်းမော့ခေါင်းယမ်းလိုက်ပြီး..." ကိုယ်တို့ကဒေသခံတွေမဟုတ်တော့ တောင်တွေအကြောင်းသိပ်မသိကြဘူးလေ တောင်တွေထဲစမ်းတဝါးဝါးနဲ့လိုက်စူးစမ်းတာက သိပ်အသုံးဝင်မှာမဟုတ်ဘူး ဂျင်ဆင်းတွေကဒီလောက်ရှာဖို့လွယ်နေမယ်ဆိုရင် အရမ်းဈေးကြီးမှာမဟုတ်ဘူး"

လုရှသူ့အကြောင်းရင်းကိုနားလည်တာကြောင့်  သိပ်မပြောခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူမတို့နဲ့ဘာမှမဆိုင်ပဲလေ။

???????????????????????????????????????????????Where stories live. Discover now