抖阴社区

Chapter 157

2.6K 221 0
                                        

Chapter 157 –  စွင်းရှန်းနန်ရှင်းလင်းစွာမြင်လိုက်သည်
.

စွင်းရှန်းနန်အိမ်ပြန်သွားတဲ့အခါမှာ သူမမိသားစုရဲ့တုံ့ပြန်မှုက ဝမ်းသာတာထက်အံ့အားသင့်မှုကပိုသည်။ သူတို့ကသူမလက်ဗလာနဲ့ပြန်လာတာ မြင်သွားပြီးတော့ သူမကရထား‌ပေါ်မှာရက်ပေါင်းများစွာ ခရီးနှင်လာပြီး ပင်ပန်းနေမှာပဲဆိုတာသိတာတောင်မှ ချက်ချင်းသူမအပေါ်အေးစက်သွားကြသည်။ သူမကိုအနားပေးယူရမည့်အစား ချက်ချင်းအလုပ်လုပ်ခိုင်းခဲ့သည်။  

အိမ်မှာရှိနေစဉ်အတောအတွင်းမှာ သူမကအဆုံးသတ်တယ်ရယ်လို့မရှိတဲ့ အလုပ်တွေနဲ့ အဆက်မပြတ်အလုပ်ရှုပ်နေခဲ့သည်။ သူမမိဘတွေက သူမကိုသတိရဟန်မတူပဲ မောင်ငယ်ညီမငယ်တွေက ကျေးလက်မှာသူမဒုက္ခခံစားခဲ့ရလားဆိုတာနဲ့ပတ်သတ်ပြီး စိုးရိမ်မှုမပြသခဲ့ကြပေ။ သူမဘာလို့ပြန်လာတာလဲ ဘယ်အချိန်ပြန်မှာလဲလို့ပဲ သူတို့ကအေးစက်စွာမေးခဲ့ကြသည်။

သူမကိုပိုပြီးတော့တောင် စိတ်မကောင်းဖြစ်စေတာက သူမရဲ့မိသားစုအိမ်မှာ သူမအတွက်နေရာတစ်ခုမရှိတော့ဘူးဆိုတာကို ရှာဖွေတွေ့ရှိသွားတာပါပဲ။ သူမအခန်းထဲဝင်ခွင့်မရှိတော့ပဲ သူမမိဘတွေက သူမကရက်အနည်းငယ်ထက်ပိုပြီးမနေနိုင်ဆိုတဲ့ အကြောင်းပြချက်ကိုသုံးကာ သူမကိုအကြမ်းထည်ဧည့်ခန်းထဲမှာအိပ်ခိုင်းပြီး အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲအတွက် ပြင်‌ဆင်နေတဲ့ညီမဖြစ်သူကို မနှောင့်ယှက်ဖို့ပြောလာသည်။

သူမရဲ့မိသားစုအိမ်မှာပင် သူမကသူစိမ်းတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးကြည့်ခဲ့ဖူးပေ။ ဒီလိုမိသားစုဝင်တွေနဲ့မျက်နှာချင်းဆိုင်ရသဖြင့် စွင်းရှန်းနန်မှာအတော်လေးမျှော်လင့်ချက်ကုန်သွားခဲ့သည်။

သူမမှတ်ဉာဏ်ထဲကနီးကပ်လေ့ရှ်ိခဲ့တဲ့ မိသားစုကဘာကြောင့်ဒီလိုရုတ်တရက်ပြောင်းလဲသွားခဲ့တာလဲဆိုတာ သူမနားမလည်နိုင်ပေ။ အိမ်မှာရက်အနည်းမျှနေပြီးနောက်မှာ မိဘတွေကသူမဘယ်တော့ပြန်မှာလဲလို့ မေးလာပြီး သူမက‌ပိုက်ဆံတောင်းဆိုဖို့ပြန်လာတာဖြစ်မှာကို ကြောက်ရွံ့ပြီး မိသားစုကသူမကိုကူညီပေးဖို့မတတ်နိုင်ဟု ဆိုခဲ့ကြသည်။

???????????????????????????????????????????????Where stories live. Discover now