抖阴社区

Chapter 23

1.3K 145 3
                                        

နင်တို့ကသူငယ်ချင်းကောင်းတွေဆိုတာငါမသိခဲ့ဘူးရော (3)
.

နေ့လည်စာစားပြီးနောက် သူမရဲ့သိမ်မွေ့နူးညံ့ပြီး ကြင်နာတတ်တဲ့ပုံရိပ်ကိုထိန်းသိမ်းရန် နင်းလင်သည်မီးဖိုချောင်ကိုသွားပြီး စေတနာအလျောက်ပန်းကန်တွေကိုဆေးကြောပေးခဲ့သည်။

ကျန်တဲ့သူတွေအနက် ကျန်းကျင်းတယောက်ထဲကသာအတော်လေးညှာတာထောက်ထားတတ်ပြီး နင်းလင်ကိုဝိုင်းကူပေးဖို့ ကမ်းလှမ်းလာသည်။ ကျန်တဲ့သူတွေကတော့လောလောဆယ်မှာ ခဏတဖြုတ်အနားယူနေနိုင်သည်။

ထိုစဉ် ဘေးခန်းမဆောင်ထဲတွင် ရှန်းလုနဲ့ရွှီဇယ်သည်စိတ်အားထက်သန်စွာစကားပြောနေကြပေမယ့် လင်းယန့်ယန့်ကတော့မကြည်လင်တဲ့မျက်နှာထားဖြင့် သူတို့ကိုကြည့်နေသည်။ လင်းယန့်ယန့်ရဲ့ရှုထောင့်အရ ရှန်းလုသည်နေ့လည်စာစားပြီးနောက်မှာ မျက်နှာပေါ်တွင်"အရသာရှိတဲ့စားစရာတွေစားပြီးနောက်မှာငါ့ခံစားချက်က ကောင်းမွန်နေတယ်" လို့ရေးထားလုနီးနီးဖြစ်ပြီး သူမကနင်းလင်ကိုစကားပြောတဲ့အချိန်မှာ ပြုံးပင်ပြုံးပြခဲ့သည်။ သူမကရွှီဇယ်ကိုတောင် စကားစပြောခဲ့တယ်!

အချက်အပြုတ်လေးပဲမဟုတ်ဘူးလား? ဘာတွေများဒီလောက်ကြီးကျယ်နေလို့လဲ? သူမလည်းပဲ......

တကယ်တော့မချက်တတ်ပါဘူး!

ထိုအကြောင်းကိုတွေးလိုက်တဲ့အခါ လင်းယန့်ယန့်အနည်းငယ် ဝမ်းနည်းသွားသည်။ သူမကမချက်ပြုတ်တတ်တာကြောင့် ရှန်းလုကတခြားသူတစ်ယောက်နဲ့ သူငယ်ချင်းဖွဲ့စရာလား? အရင်ကသူမနဲ့သူငယ်ချင်းဖြစ်ချင်တယ်ဟုပြောခဲ့တာက အတုအယောင်လား? ဒါဆိုရင်တော့ ရှန်းလုရဲ့သူငယ်ချင်းဆက်ဆံရေးက အလွန်မခိုင်မာပဲ မည်သည့်စမ်းသပ်မှုကိုမှ တောင့်မခံနိုင်ဘူးပေါ့!

လင်းယန့်ယန့်ရဲ့မျက်လုံးထဲမှာ ရှန်းလုနဲ့ရွှီဇယ်ကအားတက်သရောစကားပြောဆိုနေကြပုံရပေမယ့် တကယ်တမ်းမှာတော့ ရှန်းလုနဲ့ရွှီဇယ်ရဲ့စကားဝိုင်းအကြောင်းအရာက အောက်ပါအတိုင်းပင်။

ရှန်းလု: " နင်ဆားနဲ့ငရုတ်ကောင်းပုစွန်ထုပ် ချက်တက်လား?"

ရွှီဇယ်: " အင်း"

"??????????" ????????????? ??????????????Where stories live. Discover now