抖阴社区

Chapter 37

1.2K 155 6
                                        

သူ့မှာပိုက်ဆံမရှိဘူးလား? သနားစရာပဲ— (5)
.

ဇာတ်ကောင်ရဲ့နာမည်ကစုန့်ယန့်ရွှယ်ဖြစ်ပြီး သရုပ်ဆောင်မင်းသမီးတစ်ယောက်ပင်။ သူမရဲ့မိဘနှစ်ပါးစလုံးက မီဒီယာနယ်ပယ်မှာပါဝင်လုပ်ကိုင်နေကြသည်။ သူမကလေးလေးပဲရှိသေးချိန်မှာ လူတိုင်းကသူမကို အလွန်လှပတဲ့အတွက်ချီးမွမ်းကြသည်။ သူမိဘတွေကရှေ့ဖြစ်ဟောဆရာအမြောက်အများနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အံ့အားသင့်စရာကောင်းစွာဖြင့် အဖြေတစ်ခုထဲပဲရရှိခဲ့တယ်—

ဒီကလေးက ကြီးပြင်းလာတဲ့အခါ တစ်နိုင်ငံလုံးမှာနာမည်အကြီးဆုံး သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတကာစင်မြင့်တွေပေါ်ပင်ရောက်ပေလိမ့်မည်။ စုန့်ယန့်ရွှယ်မူကြိုအရွယ်ကတည်းက သူမမိဘတွေကသူမကိုမြေတောင်မြှောက်ဖို့အတွက် သရုပ်ဆောင်မင်းသမီးတစ်ယောက်ကိုပျိုးထောင်ခြင်းအတွက်စံနှုန်းတွေကို တင်းကျပ်စွာလိုက်နာခဲ့သည်။

သူမကအလွယ်တကူမငိုရဘူး၊ မပျော်ရွှင်တဲ့မျက်နှာထားမျိုး မပြာသရဘူး၊ အတန်းဖော်တွေနဲ့စကားမများရဘူး၊ စောစောရည်းစားမထားရသလို ယောက်ျားလေးတွေနဲ့စကားအများကြီးမပြောရဘူး။ သူမလုပ်သမျှအားလုံးကို သူမရဲ့စွမ်းဆောင်ရည်အတွက်အကောင်းဆုံးဖြစ်အောင် လုပ်ရမည်ဖြစ်ပြီး သူမကလုံးဝသာမညောင်ညဖြစ်လို့မရဘူး။

အဘယ်ကြောင့်ဆိုသော်.....

အနာဂတ်မှာသူမက တရုတ်တစ်ပြည်လုံးမှာနာမည်အကြီးဆုံးသရုပ်ဆောင်မင်းသမီးဖြစ်လာမှာ ဖြစ်တာကြောင့် အသက်အရွယ်ငယ်ငယ်လေးတည်းက သူမမှာမည်သည့်ချို့ယွင်းချက်မှရှိလို့မရပေ။ မဟုတ်ပါက ထိုအရာတွေကအနာဂတ်မှာ သူမရဲ့မကောင်းတဲ့အတိတ်ဖြစ်လာပေလိမ့်မည်။

သူမမိဘတွေရဲ့ တင်းကြပ်သည့်စောင့်ကြည့်ကွပ်ကဲမှုအောက်မှာ စုန့်ယန့်ရွှယ်သည်ချောမောလှပပြီး ထူးချွန်ထက်မြက်စွာကြီးပြင်းလာသည်။ သူမကလုပ်ဆောင်သမျှအရာရာတိုင်းမှာ ထူးချွန်ပြီး မိဘတွေရဲ့လိုအပ်ချက်တွေနဲ့မျှော်လင့်ချက်တွေကိုဖြည့်ဆည်းရင်း ပြီးပြည့်စုံတဲ့သမီးလေးတစ်ယောက်ဖြစ်လာသည်။

"??????????" ????????????? ??????????????Where stories live. Discover now