သူ့မှာပိုက်ဆံမရှိဘူးလား? သနားစရာပဲ— (1)
.ကျိုက်ယွဲ့လျန်ရဲ့ပို့စ်ကြောင့် အားလုံးကသောသောညံရယ်မောခဲ့ကြသည်။
[ ဟားးဟားး ကျိုက်ယွဲ့လျန်! ထပ်ပြီးတော့နင်ပြန်!]
[ ငါလုံးဝနားလည်တယ် ငါသာကျိုက်ယွဲ့လျန်ဆိုရင် နင်းလင်ကိုငါ့ရဲ့ကျန်တဲ့တဘဝလုံးအညှိုးထားသွားမှာပဲ တခြားသူတယောက်ရဲ့နှင်းဆီစံအိမ်ကိုကြွလုံးထုတ်ပြီးလှည့်စားခဲ့တယ် ရေပန်းစားနေတဲ့ရှာဖွေမှုတွေကိုတောင်ဖိနှိပ်ရဲတယ် ရှန်းလုကနင်းလင်ကိုသူဖော်တဲ့ဆေးသူပြန်စားခိုင်းလိုက်တာပဲ]
ထိုကောလာဟလအတွဲလိုက်ကို နားလည်သွားပြီးနောက်မှာ နင်းလင်အပေါ်တချို့လူတွေရဲ့အမြင်တွေက အသိသာဆုံးပြောင်းလဲသွားခဲ့သည်။
[ ဒီကောလာဟလတွေအားလုံးပြီးနောက်မှာ ငါနင်းလင်ကိုစေ့စေ့မကြည့်နိုင်တော့ဘူး သူကငါထင်လေ့ရှိခဲ့တဲ့ပုံနဲ့မတူဘူးလို့ခံစားရတယ်]
[ နင်းလင်ကသိမ်မွေ့ပြီးကြင်နာတတ်တယ်လို့ထင်ခဲ့ဖူးပေမယ့် ရှန်းလုကိုတိုက်ခိုက်ခဲ့တယ်ဟေးဖန်ကို လေးစားမှုထားဖို့ရှန်းလုကိုပြောခဲ့ချိန်မှာ ငါ့အမြင်တွေပြောင်းလဲသွားတယ်....ငါသာရှန်းလုဆိုရင် သူ့ကိုကျိန်းသေပေါက်ပါးနှစ်ချက်လောက်ပိတ်ရိုက်ပေးလိုက်မှာ]
[ နင်းလင်ကိုမပြောနဲ့အုံး ဒါပေမဲ့သူ့စတူဒီယိုရဲ့ဝေ့ပေါ်ကြီးကတော့ သူတို့ကဘာကိုမှမသိထားပဲ အဲ့ဒီ CP ဖန်တွေကိုတမင်တကာလမ်းပြခဲ့တာဖြစ်နိုင်လို့လား? ဘယ်လိုရှေးခေတ်မြေခွေးအမျိုးအစားကို သရုပ်ဆောင်နေကြတာလဲ? ရှန်းလုရဲ့နှင်းဆီစံအိမ်ကိုကြွားလုံးလာထုတ်နေတယ် သူတို့ပါးစပ်ကအမှန်တရားတစ်ခုတောင်ပြောထွက်သေးရဲ့လား?]
[ တတိယလူ+ လူလိမ်+ ကြောင်သူတော်ကြွက်သူခိုး....နင်းလင် နင့်မှာငါမသိသေးတဲ့တခြားဘာအံ့ဩစရာတွေရှိနေသေးလဲ!]
ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးသဘောမတူတဲ့သူတွေလည်းရှိပါသည်။
[ နင်တို့လူတွေကတကယ်ရယ်ရတာပဲ နင်တို့ကရှန်းလုကိုဆဲဆိုလေ့ရှိခဲ့ပေမယ့် အခုကျတော့နင်းလင်ကိုဆဲဆိုနေကြတယ် မိန်းကလေးနှစ်ယောက်ကြားမှဘာဖြစ်လို့ တတိယလူဆိုတာရှိရမှာလဲ? သူတို့နှစ်ယောက်လုံးအပြစ်မရှိဘူးဆို မဖြစ်နိုင်တဲ့အရာမဟုတ်ဘူး ဒီကိစ္စမှာဟိုလူယုတ်မာကသာရှောင်တိမ်းနေတာမလား?]

YOU ARE READING
"??????????" ????????????? ??????????????
Romance?????????? ????????????????? ?????????????????????????? ????????????? X ???????????????????????????????? Eng Name - Becoming popular through "all villain" variety show Associated Names 在"全员恶人"的综艺里摆烂爆红 Author(s) 竹外疏狂 This is not my work. Just Fun Tra...