ရှန်းလုမျက်လုံးထဲကအချောဆုံးအမျိုးသား (3)
.ထိုအချိန်တွင် ရိုက်ကွင်းတွင်ကသောင်းကနင်းဖြစ်နေရာ ဘယ်သူကမှရွှီဇယ်ကိုသတိမပြုမိလိုက်ကြပေ။
ယဲ့လုလက်မခံနိုင်သလို ရှယွမ်လည်းသဘာဝအလျောက်ပင်နားမလည်ချေ။ ရှယွမ်အတွက်အရမ်းဥပေက္ခာပြုခံရတယ်လို့ခံစားရတာ ဒါပထမဆုံးအကြိမ်ပင်။
ထုတ်လုပ်ရေးအဖွဲ့ကရှန်းလုဖုန်းကိုပြန်ယူသွားပြီးနောက် ရှယွမ်မှာဝမ်းနည်းတဲ့မျက်နှာထားလုပ်၍..." ရှန်းလုအကြိုက်ကဒီလိုမျိုးဖြစ်နေမယ်လို့ မထင်ထားဘူး အတော်ထူးဆန်းတာပဲ ဒါနဲ့စကားမစပ် ယွီစူးရဲ့မျက်လုံးသေးသေးလေးတွေကို တစ်စုံတစ်ယောက်ကအသိအမှတ်ပြုတာလည်း ဒါပထမဆုံးအကြိမ်ပဲ"
ဗီဒီယိုထဲကရှယွမ်ကို လင်းယန့်ယန့်မျက်လုံးလှိမ့်ပြလိုက်ပြီး တည့်တိုးပြောလိုက်တယ်။
" သူဘာကြိုက်လဲလို့ ဘာလို့လိုက်ဂရုစိုက်နေတာလဲ?"ယွီစူးကိုချောမောခန့်ညားတဲ့သူလို့ လင်းယန့်ယန့်မထင်မိပေမယ့် ရှယွမ်မှာရှန်းလုရဲ့အကြိုက်ကို ဆုံးဖြတ်ပေးပိုင်ခွင့်မရှိပေ။
တချိန်တည်းမှာပဲ သူမနဲ့ရှယွမ်ဘာလို့အဆင်မပြေလဲဆိုတာ ရှန်းလုနောက်ဆုံးမှာနားလည်သွားသည်။ သူကအပေါ်ယံမှာညင်သာသိမ်မွေ့ပုံရှိပေမယ့် တကယ့်လက်တွေ့မှာတော့ သူကနင်းလင်ရဲ့အမျိုးသားဗားရှင်းသာသာပင်။ တစ်ခုတည်းသောကွာခြားချက်ဆိုလို့ သူကရှန်းလုကိုပစ်မှတ်ထားနေခြင်းမဟုတ်တာပဲကွာသည်။
စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု ရှန်းလုထင်မိရာ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
" မျက်လုံးသေးသေးလေးတွေကလှတယ်လို့ ထင်မိရုံပါပဲ ဒါပေမယ့် အကြောင်းတစ်ခုတည်းကို အထပ်ထပ်အခါခါပြောနေတာငြီးငွေ့စရာကောင်းတယ်"
လင်းယန့်ယန့်နဲ့ရှန်းလုနှစ်ယောက်စလုံးက သူ့ကိုမထောက်ခံမှန်းသဘောပေါက်သွားသဖြင့် ရှယွမ်မျက်နှာဆုံးရှုံးသလိုခံစားလိုက်ရသည်။ သူ့အပြုံးတောင့်တင်းလာပေမယ့် ပြောလိုက်သေးသည်။

YOU ARE READING
"??????????" ????????????? ??????????????
Romance?????????? ????????????????? ?????????????????????????? ????????????? X ???????????????????????????????? Eng Name - Becoming popular through "all villain" variety show Associated Names 在"全员恶人"的综艺里摆烂爆红 Author(s) 竹外疏狂 This is not my work. Just Fun Tra...