抖阴社区

Chapter 34

1.3K 148 3
                                        

သူ့မှာပိုက်ဆံမရှိဘူးလား? သနားစရာပဲ— (2)
.

သော့၊ နှင်းဆီစံအိမ်ရဲ့သော့။

နင်းလင်အတွက်တော့ ဒါကသော့တစ်စုံသက်သက်မဟုတ်ပဲ အလှောင်ပြောင်ခံရတဲ့သက်သေတစ်ခုလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒီသော့ရဲ့ပိုင်ရှင်ကရှန်းလုဖြစ်သလို သူမအရှေ့ကလူရဲ့ဇနီးလောင်းအစစ်အမှန်ကလည်း ရှန်းလုဖြစ်တာကြောင့်ပင်။

ရှန်းလုရဲ့ဖြစ်တည်မှုကြောင့် သူမကအရှက်မရှိတဲ့တည်ရှိမှုတစ်ခုဖြစ်လာပုံရသည်။ သတင်းထောက်တွေအရှေ့မှာ သူမချစ်သူကသူမအရှေ့ကိုရောက်မလာရဲပဲ ဒီနေရာမှာပြန်မတွေ့နိုင်ခင် လူချင်းခွဲပြီးတော့ပင်ထွက်လာခဲ့ရသည်။

အကယ်၍....

အကယ်၍ဒါတွေအားလုံးကသူမအပိုင်သာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ?

နှင်းဆီစံအိမ်ပဲဖြစ်ဖြစ် ကျန်းယိပဲဖြစ်ဖြစ် အားလုံးကသူမအပိုင်ပဲဖြစ်သင့်သည်။

တဒင်္ဂလောက်တော့ နင်းလင်ဒီသော့တွေကို‌ရှန်းလုကို ပြန်မပေးချင်ခဲ့ပေ။ သူမကကျန်းယိကိုကြည့်လိုက်ပြီး..." ကျွန်မဒီစံအိမ်ကိုကြိုက်တယ် တခြားနည်းလမ်းမရှိဘူးလား?"

ဒီကိစ္စက နင်းလင်ကိုဝမ်းနည်းစေခဲ့ကြောင်း ကျန်းယိသဘာဝအလျောက်ပင်သိထားတာကြောင့် သူမမျက်နှာကိုညင်သာစွာကိုင်ကာ ချော့မော့လိုက်သည်။
" နိုင်ငံခြားမှာပိုကောင်းတဲ့စံအိမ်တစ်လုံးဝယ်ပေးမယ်"

နင်းလင်ရဲ့ခံစားချက်တွေသည်ရုတ်တရက် အနည်းငယ်ထိန်းချုပ်မရဖြစ်လာသည်။ သူမကမျက်ရည်ပြည့်လွှမ်းနေတဲ့အသံဖြင့် ခေါင်းမော့လာပြီးကျန်းယိကိုအော်လိုက်သည်။
" ဒါပေမဲ့ ကျွန်မကဒီအိမ်ကိုပဲလိုချင်တာ!"

တခြားအိမ်တွေဆယ်ချီ ဒါမှမဟုတ် ရာချီကဒီနှင်းဆီစံအိမ်နဲ့မတူဘူး။ ဒါကကွာခြားတယ်!

သူမရဲ့ငြင်းဆန်မှုကို ကျန်းယိကမမျှော်လင့်ထားပုံရပေမယ့် နင်းလင်ကိုဖြောင်းဖျဖို့ဘာစကားမှမပြောခဲ့ပဲ သူမနာမည်ကိုသာခေါ်လိုက်ပြီး သူ့အသံထဲမှာထုတ်မပြောတဲ့သတိပေးမှုတချို့ပါဝင်နေသည်။ ကျန်းယိရဲ့မျက်လုံးထဲမှာ နင်းလင်ကဘယ်တုန်းကမှဒီလိုအကျိုးအကြောင်းမသင့်ပဲ ပြဿနာရှာတတ်သူမဟုတ်ခဲ့ပေ။ အထူးသဖြင့် ဒီလိုအချိန်မျိုးမှာဖြစ်သည်။ ဒါကသူ့ကိုပို၍ပင်စိတ်အနှောင့်အယှက်ဖြစ်စေသည်။

"??????????" ????????????? ??????????????Where stories live. Discover now