အခန်း(၄)၊ကံတရားနှင့်အလောင်းအစား
ပြုခြင်းရှန့်ယွီကအိပ်ရာထက်အိပ်ပျော်နေတဲ့လျန်ဟွဲ့
ကိုကြည့်ကာစိတ်မကောင်းဖြစ်နေမိလေသည်
လျန်ဟွဲ့ရဲ့ဒဏ်ရာကယခုအချိန်ထိအရှင်းမ
ပျောက်သေးပေ။လျန်ဟွဲ့ကလျင်မြန်ဖျတ်
လတ်ပြီးအာရုံငါးပါးစွမ်းအားရှိသောဝံပုလွေ
သားရဲမိစ္ဆာမျိုးနွယ်ဖြစ်သည်။တော်တန်ရုံ
မိစ္ဆာဖမ်းသူများ၏ကျင့်စဉ်စွမ်းအားနှင့်လက်
နက်များကလျန်ဟွဲ့ကိုထိခိုက်အောင်မလုပ်နိုင်
ပေ။ယခုမူ၊ကိုယ်ကိုအသာလေးရှပ်ထိသွား
သည်နှင့်ဝေဒနာအပြင်းအထန်ခံစားနေရတဲ့
လျန်ဟွဲ့ကိုသူမရပ်မကြည့်နိုင်ပါ။ရှန့်ယွီကသူမရဲ့လက်တွေကိုဝေ့ယမ်းကာ၊
သူမ၏အငြိုးစွမ်းအားတို့နဲ့လျန်ဟွဲ့ရဲ့ဒဏ်ရာ
ကိုပျောက်ကင်းအောင်ကုသပင်မဲ့လည်းသူမ
ရဲ့စွမ်းအားတို့ကအချည်းအနှီးသာဖြစ်ကုန်
လေသည်။ဟင်?!..ဒါကဘယ်လိုလက်နက်မျိုးမို့ငါရဲ့
စွမ်းအားနဲ့တောင်ကုသလို့မရနိုင်တာလဲ?!
ဒီပုံစံအတိုင်းဆို လျန်ဟွဲ့သေသွားနိုင်တယ်
မဖြစ်ဘူး၊ငါတစ်ခုခုလုပ်ရမယ်💮💮💮💮💮💮
ရှန်ယွီကနတ်အလင်းမီးအိမ်ရှိသောအိမ်
ဆောင်အတွင်းသို့ဝင်ရောက်လာလေသည်။
အကာအကွယ်စည်းမန္တာန်နှင့်တားဆီးထား
ပြီးရွှေရောင်အလင်းငွေ့တို့ဖြာထွက်နေသော
သလင်းဖြူမီးအိမ်ငယ်လေးရှေ့သို့ရပ်လိုက်
လေသည်။သူမကသူမရဲ့ကိုယ်ကိုလက်တစ်
ဖက်နှင့်ဝေ့ယမ်းလိုက်ရင်း၊ထွက်လာသော
စိမ်းပြာရောင်စွမ်းအားတို့ကိုသလင်းဖြူမီး
အိမ်ငယ်လေးထဲလက်ကမ်းလင့်ခိုက်ရုတ်
တရက်ရောက်လာသောလက်တစ်စုံကသူမ့
ကိုဟန့်တားလာလေသည်။"မင်းဒါဘာလုပ်တာလဲ?!"
သူမ့လက်ကိုရုတ်ချည်းလာဆွဲတားတဲ့သူကို
စိမ်းဖန့်ဖန့်မျက်ဝန်းတစ်စုံနှင့်မော့ကြည့်လိုက်
မိသည်။လျန်ဟွဲ့ကဒဏ်ရာရထားတဲ့သူ့လက်
မောင်းတစ်ဖက်ကိုတစ်ဖက်ကကိုင်ဆုပ်ထား
လျက်စိုးရိမ်တဲ့အမူအရာတို့နှင့်သူမ့ကိုပြော
လာလေသည်။

YOU ARE READING
AFTER THROUGH SORROWS FROM PAST PAINS, WE'LL MEET AGAIN (FOF Fan fiction)
FantasyAfter through sorrows from past pains, we'll meet again...?