အခန်း(၅)၊ကံကြမ္မာအပြောင်းအလဲနှင့်
အတိတ်ကဒဏ်ရာများလုံယန်နှင့်ပင်းယီတို့သည်ဤတစ်ခေါက်
သခင်မရှန်ယွီနှင့်သမားတော်လျန်ဟွဲ့တို့နဲ့
ထိပ်တိုက်ရင်ဆိုင်ရန်အလင်းမဲ့စံအိမ်တော်
သို့ရောက်လာကြလေသည်။ဤတစ်ခေါက်
၌စံအိမ်တော်ဝန်းထဲ၌လူရိပ်လူယောင်တစ်ခု
မျှမတွေ့ရဘဲတိတ်ဆိတ်နေလေသည်။သစ်
ရွက်ကြွေတို့အပေါ်ဖြတ်တိုက်သွားသောလေ
တိုးသံသဲ့သဲ့သာကြားနေရလေသည်။ပင်းယီကမနေ့ကပင်အိမ်စေခံများနှင့်ပြည့်
နေသော၊ရယ်မောသံ၊စကားပြောသံ၊လှုပ်
ရှားသံများကိုမြင်တွေ့နေခဲ့ရသေးသည်။ယခု
၌မူဤအလင်းမဲ့စံအိမ်တော်ကခြောက်ကပ်
နေသောမြေရိုင်းပြင်တစ်ခုနှယ်တည်ရှိနေလေ
သည်။သူ့ဘယ်လက်ထဲမှတိမ်လွှာအလင်းဓား
ကိုခပ်ကျစ်ကျစ်ဆုပ်ကိုင်ထားရင်းသူ၏လင်း
ယုန်မျက်လုံးတို့ကသားကောင်ကိုရှာသည့်
နှယ်လိုက်ကြည့်နေမိလေသည်။လုံယန်ကပြန့်ကြဲနေသောသစ်ရွက်ခြောက်
များအကြားမှရှည်လျားတဲ့အဝတ်စတစ်စ
ကိုလက်တစ်ဖက်နဲ့ဆွဲထုတ်၍ပင်းယီကိုပြ
လျက်ပြောလာလေသည်။"ပင်းယီ မင်းကြည့်!၊ဒါကအဝတ်စနဲ့တူတယ်
ပြီးတော့သွေးတွေလည်းစွန်းနေတယ်၊အဝတ်
ပေါ်ကသွေးစတွေကမခြောက်တခြောက်နဲ့၊
ကြည့်ရတာ ဒါကသိပ်မကြာသေးတဲ့ပုံပဲ"ပင်းယီကသစ်ရွက်ခြောက်များအကြား၊တစ်
စွန်းတစ်စထွက်နေတဲ့ဖိနပ်အပြဲတစ်ဖက်ကို
လှမ်းမြင်လိုက်ရပြီးလုံယန်ကိုပြောလာသည်"ကြည့်ရတာ ဒီအိမ်တော်ကအစေခံအားလုံး
အိပ်မက်ဆိုးကြီးတစ်ခုနဲ့ကြုံတွေခဲ့ရတဲ့ပုံပဲ၊
သူတို့အားလုံးအတွက်လွတ်လမ်းမရှိတဲ့အိပ်
မက်ဆိုးကြီးတစ်ခုကိုပေါ့"လုံယန်ကစုတ်တစ်ချက်သပ်ရင်းခေါင်းခါ၍
စိတ်မကောင်းဖြစ်တဲ့အမူအရာနဲ့ပြောလာ၏"အင်း..၊ကျစ်!..စိတ်မကောင်းစရာပဲ၊ဟိုဝံပု
လွေကောင်နဲ့ငါးမိစ္ဆာမကသူတို့အကုန်လုံးကို
အသုံးချသွားတာပဲ၊လူမဆန်လိုက်ကြတာ!"ပင်းယီကသူ၏မျက်ဝန်းထောင့်တစ်ဖက်မှ
လှစ်ခနဲလူရိပ်တစ်ခုဖြတ်ပြေးသွားတာကို
မြင်လိုက်ရသည်မို့ထိုလူရိပ်အနောက်သို့
တိမ်လွှာအလင်းဓားနှင့်အတူပြေးလိုက်လေ
သည်။ထိုအခါလုံယန်သည်လည်းပင်းယီရဲ့
အနောက်သို့ပြေးလိုက်ရလေသည်။

YOU ARE READING
AFTER THROUGH SORROWS FROM PAST PAINS, WE'LL MEET AGAIN (FOF Fan fiction)
FantasyAfter through sorrows from past pains, we'll meet again...?