အခန်း(၁၀)၊အငြိုးအတေးစွမ်းအားများထွက်
ပေါ်လာခြင်းသံမဏိလှောင်အိမ်ရှိသောပန်းတစ်ထောင်
လှိုဏ်ဂူ...။ပိုင်ကျိုကမနေ့ကရောတစ်နေ့ကပါဤလှောင်
အိမ်ထဲမှာပဲနေ့နေ့ညညနေခဲ့ရသည်မို့အလွန်
ကိုစိတ်တိုနေလေပြီ။သူ့အတွက်စားစရာကို
မိန်းမပျိုလေးကတစ်ရက်မှမပျက်ဘဲအချိန်
မှန်လာပို့ပေးမဲ့သူကအမြဲတမ်းဤလှောင်
အိမ်ထဲမှာပဲနေထိုင်ရတော့စိတ်တွေမွန်းကြပ်
လာလေသည်။သူဒေါသထွက်ထွက်နဲ့သူခင်း
ထိုင်နေတဲ့ကောက်ရိုးဖျာမှကောက်ရိုးတွေကို
လက်နှစ်ဖက်နဲ့စိတ်ပေါက်ပေါက်ခွာဆုတ်နေ
လေသည်။ထို့ပြင်သူ့နှုတ်ကလည်းပွစိပွစိ
ပြောနေလေသည်။ဟင့်!..ငါ့ကိုဘယ်အချိန်မှဒီလှောင်အိမ်ထဲက
နေထုတ်ပေးမှာလဲ?၊ငါကတရှန်းရဲ့နတ်ဆေး
သမားတော်တစ်ယောက်၊အဟင့်!.အခုတော့
ငါကလှောင်အိမ်ထဲမှာအကျဉ်းချခံနေရတဲ့
သာမန်သေမျိုးတစ်ယောက်လိုဖြစ်နေပြီ!၊
တကယ်ပဲ သူကငါ့ဆီကဘာလိုနေချင်တာလဲ၊
အခုချိန်ထိငါ့ကိုမလွှတ်ပေးသေးဘူးထိုစဉ် လှိုဏ်ဂူထဲသို့မိုးပြာရောင်ချည်ဝတ်စုံ
နှင့်ငှက်မိစ္ဆာကဝင်လာလေသည်။ပိုင်ကျိုက
သူမ့ကိုမြင်သည်နှင့်ကိုယ်လေးတုန်တတ်
သွားပြီးငြိမ်ငြိမ်လေးနေလိုက်မိသည်။သူမက
ဆန်ပြုတ်ပန်းကန်နှင့်ပေါက်စီပန်းကန်ပါတဲ့
သစ်သားဗန်းကိုထိုင်နေသောပိုင်ကျို့ရှေ့မှာ
ထားပေးရင်းပြောလာသည်။"ဒါနင့်အတွက်မနက်စာ၊စား၊ပြီးရင်ငါနင့်ကို
လုပ်ခိုင်းရမဲ့ကိစ္စတစ်ခုရှိတယ်"ပိုင်ကျိုကသူ့ကိုလှောင်အိမ်ထဲမှာသာချုပ်
ထားပေမဲ့သူမလာပို့တဲ့အစားအသောက်
တွေကိုတော့စားဖြစ်သည်။သူထွက်မပြေး
စေရန်သာလှောင်အိမ်ထဲမှာထည့်ထားတာ
ဖြစ်ပြီးငှက်မိစ္ဆာကသူ့အသက်ကိုအန္တရာယ်
တော့မပြုတာမို့သူအနည်းငယ်စိတ်သက်
သာရာရနေပေသည်။ပိုင်ကျိုကပေါက်စီတစ်
လုံးကိုလက်တစ်ဖက်နဲ့လှမ်းယူပြီးသူမ့ကို
မော့ကြည့်ကာပြန်ပြောလာသည်။"ငှက်မိစ္ဆာ ခင်ဗျားဘာလို့ကျွန်တော့်ကိုဖမ်း
ထားတာလဲ?၊ကျွန်တော်ခင်ဗျားကိုပြောပြီး
ပြီ၊ကျွန်တော်ကဒီတိုင်းသမားတော်တစ်ဦး
ပါလို့၊ဘာလို့အခုထိကျွန်တော့်ကိုမလွှတ်
ပေးသေးတာလဲ?"

YOU ARE READING
AFTER THROUGH SORROWS FROM PAST PAINS, WE'LL MEET AGAIN (FOF Fan fiction)
FantasyAfter through sorrows from past pains, we'll meet again...?