အခန်း(၇)၊မမျှော်လင့်ထားသောနိမိတ်ကြမ္မာ
ရက်အနည်းငယ်ကြာပြီးနောက်။နတ်အလင်း
မီးအိမ်၏အမှုကိုပင်းယီတို့နှစ်ဦးဖြေရှင်းပြီး
သည့်နောက်ပင်းယီတို့နှစ်ဦး၏ဆက်ဆံရေး
ကပုံမှန်လိုပြန်ဖြစ်သွားကြလေသည်။လုံယန်
ကပင်းယီရှိတဲ့ပင်လယ်ပြာအိုင်(သို့)တိမ်လွှာ
နန်းဆောင်သို့အမြဲတမ်းသွားလေ့ရှိလေသည်
ကောင်းကင်နန်းဆောင်ဆီသို့အမှုကိစ္စရှိမှသာ
လာလေ့ရှိသည်။ယခုလည်းပင်းယီနှင့်ကောင်းကင်နတ်ဘုရား
ကျင်းနန်တို့ကပန်းလေညှင်းဆောင်တော်ထဲ
မှာသေရည်အတူသောက်ရင်းစကားစမြည်
နေကြလေသည်။ကောင်းကင်နတ်အရှင်
ကျင်းနန်ကသေရည်တစ်ခွက်သောက်ပြီး
ကျောက်သားစားပွဲပေါ်ပြန်ချရင်းစပြောလာ
လေသည်။"အင်း၊ဒီတစ်ခေါက် စစ်အရှင်ပင်းယီတို့
နတ်အလင်းမီးအိမ်အမှုနဲ့ပတ်သတ်ပြီး
သေမျိုးလောကကိုသွားခဲ့ကြတော့အဲ့ကနေ
အတွေ့အကြုံတွေတော်တော်များများရ
လာကြမယ်နဲ့တူတယ်"ပင်းယီကအပြုံးလေးနဲ့လက်ထဲကိုင်ထား
တဲ့သေရည်ခွက်ကိုကျောက်စားပွဲပေါ်အသာ
ပြန်ချရင်းပြန်ပြောလာလေသည်။"အရင်ကဆိုကျွန်တော်သေမျိုးလောကထဲ
သွားဖို့ကြောက်နေခဲ့မိတယ်၊သေမျိုးတွေရဲ့
စိတ်ဆန္ဒနဲ့လောဘ၊စွဲလမ်းမှုတွေကမသေမျိုး
တွေကိုတောင်ချည်နှောင်တတ်တာကိုကျွန်
တော်ကကြားဖူးနေခဲ့တော့အဲ့ကိုမသွားချင်ခဲ့
ဘူး၊ဒါပေမဲ့သူ...သူကကျွန်တော့်ကိုအစစ
အရာရာအကုန်သင်ကြားပေးခဲ့တယ်၊တခါ
တလေသူ့ကိုကျွန်တော်သိပ်သတိရတယ်"ပင်းယီ၏စကားကိုကြားသည်နှင့်နတ်အရှင်
ကျင်းနန်ကသက်ပြင်းခပ်လေးလေးချကာ
စကားဆိုလာလေသည်။"အင်း..၊စစ်အရှင်ယင်းလုံကလောကကြီးငြိမ်း
ချမ်းစေဖို့နဲ့သုံးလောကကိုကာကွယ်ဖို့သူ
ကိုယ့်သူအနစ်နာခံခဲ့တယ်၊ငါယင်းလုံအတွက်
စိတ်မကောင်းဖြစ်ခဲ့မိပေမဲ့ငါလည်းမတတ်နိုင်
ခဲ့ဘူး၊ယင်းလုံကသိပ်ကိုတိတ်ဆိတ်ပြီးအထီး
ကျန်ဆန်လွန်းတဲ့စစ်အရှင်တစ်ပါးဖြစ်ခဲ့ဖူး
တယ်၊ဒါပေမဲ့သူ့ရဲ့အထီးကျန်မှုကိုပြေ
ပျောက်စေနိုင်တဲ့မီးအိမ်လေးကိုသူရှာတွေ့
ခဲ့တယ်၊အဲ့ဒါကလည်းမထင်မှတ်ဘဲ..."

YOU ARE READING
AFTER THROUGH SORROWS FROM PAST PAINS, WE'LL MEET AGAIN (FOF Fan fiction)
FantasyAfter through sorrows from past pains, we'll meet again...?