နတ်သစ်ပင်ဆေးဆောင်...။
ပိုင်ကျိုကလုံယန်၏အဆိပ်ကိုပြေပျောက်စေ
ရန်အစွမ်းကုန်ဉာဏ်ထုတ်ပြီးအဆိပ်ဖြေဆေး
ကိုတစ်မျိုးပြီးတစ်မျိုးဆေးပင်၊ဆေးမြစ်များ
နှင့်ကျိုတစ်လှည့်၊ကြိတ်တစ်လှည့်၊စပ်တစ်
လှည့်နှင့်တစ်နေ့လုံးအလုပ်ရှုပ်နေလေသည်။
သူ၏အဆိပ်ထိန်းဆေးက(၃)ရက်သာထိန်း
ပေးထားနိုင်သည်ဟုဆိုပေမဲ့အဆိပ်ဒဏ်အား
ပြင်းထန်လျှင်တစ်ခဏလည်းဖြစ်သွားနိုင်ပေ
သည်။သို့သော်လုံယန်ကတင်းခံနေ၍သာထို
အဆိပ်ပျံ့နှံ့နှုန်းကိုထိန်းထားနိုင်တာဖြစ်လေ
သည်။ယင်းလိန်ကတစ်နေ့လုံးချွေးပြိုက်ပြိုက်ကျ
အောင်မနားတမ်းဖြေဆေးဖော်နေတဲ့ပိုင်ကျို
ဆီကိုစားစရာများ၊သရေစာမုန့်များချက်
ပြုတ်ပြင်ဆင်ပြီးရောက်လာတတ်လေသည်။
ယင်းလိန်ရဲ့အနောက်မှာအမြဲလိုလိုကပ်ပါနေ
သူကတော့စစ်နတ်မင်းစစ်ဟန်သာဖြစ်လေ၏
သူကယင်းလိန်၏လက်ထောက်လိုဖြစ်နေပြီး
ယင်းလိန်ပြောသမျှနာခံတတ်သောယုန်ငယ်
လေးလိုပင်။ယခုလည်းယင်းလိန်ကစစ်နတ်
မင်းစစ်ဟန်နှင့်အတူပိုင်ကျိုထံမုန့်ထည့်ထား
တဲ့လက်ဆွဲချိုင့်လေးနဲ့အပြေးလေးရောက်
လာပြန်သည်။"ရှောင်ကျို!..ရှောင်ကျို!..ဟဲဟဲ!..မင်းအ
တွက်၊မင်းအကြိုက်ဆုံးပန်းသစ်တော်လမုန့်
ကိုငါပြင်ဆင်လာခဲ့တယ်၊ပြီးတော့နာနတ်သီး
လမုန့်၊ပဲဝါလမုန့်တွေပါငါယူလာတယ်!"ပိုင်ကျိုကဆေးစာရွက်များနှင့်ပြည့်နှက်နေတဲ့
စားပွဲရှေ့မှာဒူးထောက်လျက်စာရေးမှင်တံနဲ့
ခေါင်းကုတ်လျက်အကြပ်ရိုက်နေလေသည်။ငါဖော်ထားတဲ့ဆေးတွေကအာနိသင်အပြည့်
ရှိတဲ့အဆိပ်ဖြေဆေးတွေချည်းပဲ!ဘာလို့များ
ငါ့စိတ်ထဲတစ်ခုခုလိုအပ်နေတယ်လို့ထင့်နေ
ရတာလဲ?!.."ဟင်းးးး!......"
သက်ပြင်းရှည်ကြီးနှင့်စိတ်ပျက်လက်ပျက်
ဖြစ်သွားတဲ့ပိုင်ကျို့ပုံစံကိုယင်းလိန်ကတွေ့
လိုက်သည်နှင့်ပြာပြာသလဲမေးလေသည်။

YOU ARE READING
AFTER THROUGH SORROWS FROM PAST PAINS, WE'LL MEET AGAIN (FOF Fan fiction)
FantasyAfter through sorrows from past pains, we'll meet again...?