抖阴社区

??

547 76 2
                                        

အခန်း ( ၇ ) - မင်း ငါ့ရည်းစားစာကို ဖတ်ပြီးပြီလား

****

နောက်တစ်နေ့၌ အံ့ဩစရာမရှိအောင်ပဲ ယွိဖန် အိပ်ရာထ နောက်ကျခဲ့သည်။

သူ ကွဲနေသောအိုးကို ရိုက်ချိုးလိုက်ပြီး * ကျောင်းဂိတ်ကို ဖြည်းဖြည်းချင်းလျှောက်လာရင်း နံရံကျော်တက်ရမည့် အဓိပ္ပာယ်မရှိ လုပ်ရပ်တွေ မလုပ်ရအောင် ကျောင်းစောင့်ကြီးနှင့် မည်သို့ ဆွေးနွေးရမလဲဆိုတာကို တွေးနေမိ​၏။

( မှားနေမှန်းသိပေမယ့် ၊ အမှန်မပြင်တော့ပဲ ၊ ပိုဆိုးအောင်ပဲ ထားလိုက်တော့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။)

--

" အခုမှ ကျောင်းဖွင့်တာ ရက်နည်းနည်းလောက်ပဲ ရှိသေးတာမဟုတ်ဘူးလား ? ဟမ် ? " ဖန့်ဟူ​၏ အသံက ကန်တင်းအနီးတစ်ဝိုက် တစ်လျှောက်လုံးပျံ့လွင့်လာသည်။ " ကျောင်းက ခုမှဖွင့်ရုံကို မင်းက နောက်ကျနှင့်နေပြီ ! အတန်းလစ်ပြီး မလာတော့ဖို့ လုပ်နေတာမလား ? "

ကျောင်းဂိတ်ဝ၌ ယောက်ျားလေးတွေ အတန်းလိုက်ရှိနေပြီး သူတို့အားလုံးမှာ တစ်ချက်ကြည့်ရုံဖြင့်ပင် ရင်းနှီးနေသောမျက်နှာများပင်။

လူအုပ်စုက ကိုင်းညွှတ်လျက် ခေါင်းငုံ့ထားကြပြီး ၊ ပျော့တိပျော့ဖတ်နှင့် ကိုယ်နေဟန်ထားမျိူးစုံ ရပ်နေကြကာ သူတို့အမူအရာတွေက သိပ်တော့ ပျော်ရွှင်မနေ။ သူတို့တွေဟာ ကျောင်းဒုတိယမြောက်နေ့၌ ဖန့်ဟူက နောက်ကျတဲ့ကျောင်းသားတွေကို ဖမ်းဖို့ ကျောင်းဂိတ်ကို ရောက်လာလိမ့်မယ်လို့ မထင်ထားကြတာလဲ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဤအုပ်စုရှိလူများဟာ ကြည့်ရုံဖြင့် ဆိုးသွမ်းလူငယ်များ သေချာတာကြောင့် လူကို ချက်ချင်း ဝေးဝေးလံလံမှာ သွားရပ်အောင် လုပ်နိုင်​၏။

ဆဲရတာ ပင်ပန်းလာ၍ ဟူဖန့်ဟာ လက်နောက်ပစ်ထားသော ကောင်လေးတစ်ယောက်ထံ လျှောက်လာကာ ၊ ထိုအခိုက် သူ့အသံက ပျော့ကျသွားပြီး : " ကျင်ရှန်း~အာ ? ဒီတစ်ခေါက် ဘယ်လိုဖြစ်ရတာလဲ ? အိပ်ရာထ နောက်ကျလို့လား ? "

?????????????????Where stories live. Discover now