အခန်း ( ၄၈ ) - သရေလို့ မယူလိုက်နဲ့။
****
ယွိဖန်၏ ကျောပြင်မှာ ချက်ချင်း ထုံသွားကာ ၊ အာရုံကြောတွေလဲ ထိန်းမနိုင်သိမ်းမရ တောင့်တင်းကုန်ပြီး အရိုင်းဆန်စွာ ရင်တွေခုန်ပေါက်ကုန်၏။
သူ စက္ကန့်အနည်းငယ်သော်မျှ ဗလာဖြစ်သွားပြီး ၊ မသိလိုက်ပဲ ချန်ကျင်ရှန်းအား လက်ဆန့် တွန်းထုတ်လိုက်ကာ ၊ကျောပြင်ကို မတ်၍ နံရံဆီမှ ထဖို့ ပြင်သော်လည်း——
သူ့လည်ပင်းတစ်ဝိုက်မှ လက်က အားပိုသုံးလာ၏။ ချန်ကျင်ရှန်းသည် တစ်ဖက်သို့ ခြေထောက်တစ်ဖက် ကန့်လန့်ဖြတ်ရွှေ့၍ တစ်ဝက်ဒူးထောက်ပုံစံနှင့် ၊ သူ့ကို ပြန်ဖိကပ်လိုက်သည်။ သူ့ နောက်စေ့မှာ အားနှင့် နံရံသို့ပြန်ကပ်ခံလိုက်ရပြီး ယွိဖန်ဟာ ပို၍ ကြမ်းတမ်းစွာ နမ်းရှိုက်ခံရတော့၏။ ယွိဖန်၏ ကိုယ်ထဲက သွေးတွေမှာ ဦးနှောက်သို့ တစ်ဟုန်ထိုးပြေးဝင်လာပြီး ဦးရေပြားရှိ အာရုံကြောတွေသည်လည်း တဒိတ်ဒိတ်မြည်လျက်။ သူဟာ ချန်ကျင်ရှန်း၏ လျှာဖျားက သူ့ပါးစပ်မှဒဏ်ရာကို ပွတ်သွားပြီး သူ့လျှာကိုမညှာမတာ ရစ်ပတ်လာသည်အား ခံစားမိနေသည်။
စင်စစ် ဦးရေပြားမှာ နည်းနည်းနာကျင်နေသော်လည်း ဆွဲယူ၍ ချုပ်နှောင်ခံထားရခြင်းက ယွိဖန်၏ ခန္ဓာကိုယ်အား အားယုတ်လာစေ၏။ သူ ဖြည်းဖြည်းချင်း တွန်းနေသည့် လက်ကိုလွှတ်ပေးလိုက်တော့ပြီး ရှိသမျှအားလေးဖြင့် ချန်ကျင်ရှန်း၏ အင်္ကျီကို ဆုပ်ထားလိုက်သည်။သူဟာ မြေပေါ်မှာ ထိုင်နေတာ သေချာပါလျက် အဆုံးမဲ့ တွင်းနက်ကြီးထဲကို အချိန်မရွေး ပြုတ်ကျတော့မယောင် ခံစားနေရ၏။
နွေရာသီ ပုစဉ်းရင်ကွဲတို့ဟာ ယနေ့တွင်တော့ ခြွင်းချက်မရှိ တိတ်ဆိတ်နေပြီး ၊ ရပ်ကွက်ဟောင်းလေးဟာ ငြိမ်သက်လျက်။ ကမ္ဘာကြီးတစ်ခွင်လုံး သူတို့၏ ပင့်သက်ရှိုက်သံ၊ရှုရှိုက်သံတွေပဲ ကျန်တော့သည့်နှယ်။
ချန်ကျင်ရှန်းက အလွန်အမင်းကြမ်းတမ်းလွန်းစွာ နမ်းရှိုက်နေသည် ၊ တခြားသူတွေရဲ့ အနမ်းကရော ဒီလောက် ကြမ်းတမ်းသလား ?ကျူးရွှီက သူ့ကောင်မလေးကိုနမ်းတာအား သူမှတ်မိ၏။ ထိုနေရာမှာ သည်လိုမျိူး ကြီးကြီးမားမားလှုပ်ရှားသည်မျိုးမရှိ။ ယွိဖန် မျက်လုံးတွေစင်းလျက် ရီဝေဝေဖြင့် တွေးမိနေ၏။
