အခန်း ( ၃၁ ) - 「 -:ရူးနေလား မင်း?」
****
ယွိဖန်က အတန်းထဲမှာ နှစ်ရက်ဆက်တိုက် မအိပ်ခဲ့တာကြောင့် ၊ ယင်းက ကျွမ်းဖန်ချင်အား ခဏလောက်တော့ အမှန်တကယ် ဝမ်းမြောက်စေခဲ့၏။
သို့သော် နောက်ပိုင်းတွင်တော့ သူဟာ မအိပ်သော်ငြား သင်ခန်းစာလဲမသင်ယူကြောင်းကို သိရှိခဲ့ရသည်။
နောက်တစ်ဖန်၊ အနှီပုဂ္ဂိုလ်ဟာ သင်္ချာအတန်းမှာ တရုတ်ဖတ်စာအုပ်ထုတ်ထားတာကို သူမ တွေ့ခဲ့ရပြန်သည်။ ကျွမ်းဖန်ချင်သည်းမခံနိုင်တော့ပဲ ၊ အတန်းပြီးသည့်နောက် သူ့ကို ရုံးခန်းဆင့်ခေါ်ခဲ့တော့သည်။
" ငါကတော့ မင်းအတန်းထဲမှာမအိပ်တာကို သင်ခန်းစာကောင်းကောင်းသင်နေတာကြောင့်လို့ ထင်တာ " ကျွမ်းဖန်ချင်က ထိုင်ခုံပေါ်မှာ လက်ပိုက်၍ထိုင်နေပြီး :
" လက်စသတ်တော့ မင်းက ငါ့အတွက် ဟန်ပြပေးနေတာကိုး ဟုတ်လား ? ဘာလို့လဲ ၊ အတန်းကော်မတီဆီကနေ နာမည်မှတ်ခံရမှာကြောက်လို့လား ? အရင်တုန်းကတော့ မင်း ဒါမျိူးတွေလဲ ဂရုမစိုက်ခဲ့တာကို ငါမြင်ဖူးခဲ့သား "
ယွိဖန်မှာ အလွန်အိပ်ချင်နေသဖြင့် ရှေ့နောက်မကြည့်ပြောထွက်သွားတော့၏ : " ဆရာမက——"
အတန်းထဲမှာ ကျွန်တော်အိပ်၊မအိပ်ကို တခြားသူကို စောင့်ကြည့် မခိုင်းနဲ့လေ။ကောင်းကောင်း မစောင့်ကြည့်နိုင်ရင် ၊ တခြားသူကို ဝေဖန်သေးတယ်။
စကားတွေ ထွက်လာသောအခါ ၊ ယွိဖန်အဖို့ အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရ၏။ သူ့နှုတ်ခမ်းတွေစေ့ကာ ရပ်လိုက်မိသည်။
" ငါလား ? ငါက ဘာဖြစ်လို့လဲ ? " ကျွမ်းဖန်ချင်မှာ ပြောစရာပျောက်လျက်။
ယွိဖန်က ပျင်းရိစွာ စားပွဲကိုမှီလိုက်ရင်း : " ဘာမှမဟုတ်တော့ဘူး။ "
ကျွမ်းဖန်ချင်မှာ သူ၏ စကားမပြောတော့သော အပြုအမူကြောင့် တစ်ဖန်ဒေါသထွက်ခဲ့ရသည်။ သူမက အပူခံဘူးကိုဖွင့်၍ လက်ထဲမှာကိုင်ထားရင်း " မင်း ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ဘွဲ့ရပြီးတဲ့အခါ ဘာလုပ်မှာလဲ ? မင်းအမှတ်နဲ့ဆို အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပဲ တက်လို့ရမယ်၊ အမြဲတမ်း ပေးဆပ်နေရမှာ၊မင်းသိလား?"
