အခန်း ( ၂၆ ) - 「မင်းဘေးမှာရှိတဲ့လူကို ပြင်းရှရှအနမ်းပေးပါ။」
****
KTVခန်းဝယ်။
ယွိဖန်ဟာ မျက်နှာသေဖြင့် ဆိုဖာပေါ်မှာထိုင်နေပြီး တီဗွီစခရင်ပေါ်က Jay Chou၏ မျက်နှာကို စိုက်ကြည့်ကာ စိတ်ထဲကနေဗွီိဒီယိုကို ဝေဖန်နေခဲ့သည်။
အရက်သောက်လိုက်၍ တုံ့ပြန်နိုင်စွမ်းတွေ နှေးကွေးကုန်တာဖြစ်မည်။ သူဟာ ချန်ကျင်ရှန်း၏လက်ကို သူ့လက်မရုတ်သည့်တိုင် ဖယ်မထုတ်နိုင်ခဲ့ပါချေ။
ဝမ်လုအန်းက အခန်းဘိုကင်လုပ်တာနောက်ကျသဖြင့် အခန်းလတ်ကိုသာ ရ၏။ ဆိုဖာပေါ်တွင် လူတွေနှင့်ပြည့်နှက်နေပြီး ၊ယောက်ျားလေး ငါးယောက်၊ခြောက်ယောက်က မတ်တပ်ရပ်ကာ အသက်ဝင်နေခဲ့သည်။
ယွိဖန်၏ ဘယ်ဘက်မှာထိုင်သည့်မိန်းကလေးက စကတ်တိုဝတ်ထားတာကြောင့် မတော်တဆ ထိမိမှာကို ရှောင်ရန် သူ့အဖို့တခြားတစ်ဖက်ကို အနည်းငယ် ယိမ်းထားရုံသာ။
မည်မျှကြာသွားသည်မသိ၊ သူဟာ အနောက်က တစ်စုံတစ်ခုနှင့် တိုက်မိသွားသဖြင့် ယွိဖန် သည်းမခံနိုင်တော့ပါဘဲ သူ့ဘေးကလူကို တံတောင်ဖြင့်တွတ်လိုက်တော့သည် : " ဒီကို ကျောင်းလွယ်အိတ်ယူလာပြီး ဘာလုပ်တာလဲ ? "
" ငါ အခုတင် စာကြည့်တိုက်သွားခဲ့လို့ " ချန်ကျင်ရှန်းက ကျောင်းလွယ်အိတ်ကို ကောက်၍ သူ့ပေါင်ပေါ်တင်ကာ လက်တစ်ဖက်နှင့်ကိုင်ထားလေသည်။ " ဒါဆိုပိုကောင်းသွားပြီလား ? "
"......"
ယွိဖန်က သူ့ကျောင်းလွယ်အိတ်ကို အမူအရာမဲ့စွာ ကောက်လိုက်ပြီး ဆိုဖာနောက်က ထိုင်ခုံပေါ်ကို တင်ပေးလိုက်၏။
ထို့နောက်မှာတော့ သူဟာ မတ်မတ်ထိုင်လျက် Jay Chouကိုသာ ဆက်ကြည့်နေခဲ့သည်။
အန်စာ နောက်တစ်ပွဲရှုံးပြီးနောက်၊ ဝမ်လုအန်းဟာ ဝိုင်ကို တစ်ကျိူက်တည်းမော့က ဖန်ခွက်ကို ချပြီး လှည့်ကြည့်လာသည်: " ရွှယ်ပါ့ ကြိုဆိုပါတယ်။ မင်း ဘယ်သီချင်းဆိုချင်လဲ ? ငါကူရွေးပေးမယ်လေ "
