抖阴社区

???

462 54 0
                                        

အခန်း ( ၁၂ ) - သူနဲ့ မရင်းနှီးဘူး။

****

ယွိဖန်ဟာ ယခုချိန်တွင်တော့ သူ ယွိခိုက်မင်ကို လက်တစ်ဖက်တည်းဖြင့် ရိုက်နိုင်ပြီဟု ခံစားရသောကြောင့် ၊ ဆေးရုံကထွက်လာပြီးနောက် တက္ကစီစီး၍ အိမ်ကို တန်းတန်းမတ်မတ်ပြန်လာခဲ့သည်။

တက္ကစီဒရိုင်ဘာက တစ်နေကုန်မောင်းနှင်နေရသဖြင့် အနည်းငယ် မွန်းကျပ်လာကာ ၊ အရှေ့ပြတင်းကို တစ်ဝက်မျှ ဖွင့်လိုက်သည်။

သူက အနောက်ခုံရှိ လူကို တစ်ချက်ကြည့်ပြီး : " ညီလေး ၊ ပြတင်းပေါက်ဖွင့်လဲ အဆင်ပြေတယ်မလား ? "

ယွိဖန် : " ပြေပါတယ်။ "

အရှေ့ထိုင်ခုံမှလေတိုက်ခတ်လာခဲ့ရာ မျက်နှာကို နည်းနည်းလေး အေးကျင်လာစေသည်။ ယွိဖန် မသိလိုက်မသိဘာသာနှင့်လည်ပင်းကို ကော်လာထဲ ကျုံ့လိုက်မိလျှင် ဆပ်ပြာနံ့သင်းသင်းက သူ့နှာဝဆီသို့ လွင့်ပျံ့လာ​၏။

သူ မျက်မှောင်ကြုတ်လျက် အနံ့အတိုင်းလိုက်၍ အနည်းငယ် လျော့ရဲနေသော လေကာအပေါ်ဝတ်အဖြူကို ခေါင်းငုံ့ကြည့်လိုက်မိသည်။

"......."

အင်္ကျီပြန်ပေးဖို့ မေ့ခဲ့ပြီ။

မနက်ဖြန်ကျောင်းသွားမှ သူ့ဆီ ယူသွားရပေမည်။

ရပ်ကွက်အဝင်ဝသို့ရောက်သော် ယွိဖန်ဟာ ကားထဲမှ ထွက်လာပြီးသည့်နောက် သူ့ဂျာကင်ကို ချွတ်ကာ လက်ဖြင့်ကိုင်ထားလိုက်သည်။

ရန်ဖြစ်ပြီးတဲ့အခါ မညစ်ပတ်သွားဖို့ရာပင်။

သိုသော် သူ အတွေးလွန်သွားခဲ့သည်။ အိမ်မှာ မည်သည့်လျှပ်စစ်မီးမှလဲ မရှိသလို ၊ မည်သူမှလဲ ညလယ်ဘက်ကြီးမှာသော့ခလောက်ဖွင့်ဖို့ လူမရှာခဲ့ပါချေ။ ယွိခိုက်မင်ဟာ မနေ့ညကထွက်သွားခဲ့ပြီး ပြန်မရောက်သေး။

ယွိဖန် အိမ်ပြန်ရောက်လျှင် သူ့အနောက်က တံခါးကို လော့ချလိုက်သည်။ ထို့နောက် သူလှည့်၍ အိမ်ထဲကိုထင်လာပြီး သူ့အခန်းတံခါးကိုတစ်ချက်ကြည့်လိုက်​၏။

?????????????????Where stories live. Discover now