抖阴社区

Description

7.3K 338 19
                                    

Description

လင်းရန်တစ်ယောက် နိုးလာတဲ့အချိန်မှာ  1970 ခုနှစ်တွေဆီကို ကူးပြောင်းလာခဲ့ပြီဖြစ်ပြီး အင်ဂျင်နီယာ စုန့်ဝေ့ရဲ့ မယားပါသမီးဖြစ်လာခဲ့တယ်။

အပေါ်ယံမှာတော့ စုန့်ဝေ့က မယားပါသမီးကို သူ့သမီးအရင်းထက် ပိုကောင်းခဲ့တယ်။  သူက မယားပါသမီးကို ကြာပန်းလေးလိုမျိုး သန့်ရှင်းပြီး နူးညံ့နေစေဖို့ ပြုစုပျိုးထောင်ပေးထားခဲ့တယ်။

သို့ပေမယ့် တကယ်တမ်းမှာတော့ သူက သူ့ရဲ့သမီးအရင်းကို ပိုပြီးထက်မြက်လာစေဖို့အတွက် စိတ်တွန်းအားတွေပေးပြီး ပြုစုပျိုးထောင်ပေးနေခဲ့တာပဲ။ တစ်ချိန်တည်းမှာ သူ့ရဲ့ မယားပါသမီးကို အရည်အချင်းတွေမရှိဘဲ ညံ့ဖျင်းစေခဲ့ကာ မိသားစုပိုင်ဆိုင်မှုကို မယှဉ်ပြိုင်နိုင်စေရန် ပညာသားပါပါနှင့် လုပ်ဆောင်ခဲ့တယ်။

မယားပါသမီးအတွက်  ကြင်ဖက်တွေ့ဖို့  ရွေးချယ်တဲ့အချိန်မှာတောင် သူ့ရဲ့သမီးအရင်းအတွက် ဆက်ဆံရေး ချောမွေ့စေရန် လမ်းခင်းပေးခဲ့တာဖြစ်နေခဲ့တယ်။

လင်းရန်: "..."

သူမက ခြေနင်းတုံးတစ်ခုသာဖြစ်နေခဲ့ပြီး၊ သူမကို ရောင်းချခဲ့တဲ့သူအတွက် ပြန်လည်ပြီး ပေးဆပ်နေရမှာလား?

မကြာခင်ဖြစ်လာတော့မဲ့ ဇတ်ကွက်တွေကို သိရှိထားတဲ့ လင်းရန်က ကြင်ဖက်တွေ့ဆုံမှုကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး သူ့ရဲ့အဖေအရင်းကို ရှာဖွေရန်အတွက် ကျေးလက်ကိုသွားဖို့ လုပ်ဆောင်ခဲ့တယ်။

သူမရဲ့အဖေအရင်းက ဘယ်လောက်ပဲ အရည်အချင်းမပြည့်မီပါစေ၊  အနည်းဆုံးတော့ သူမရဲ့ပထွေးလိုမျိုး ပြုမူမှာမဟုတ်ဘူး။

လင်းရန်တစ်ယောက် ကျေးလက်သို့ ပြန်ဖို့  လုပ်တဲ့အချိန်မှာ လူတိုင်းက သူမရဲ့ ဒေါသကြောင့် မုန်းတီးခံရလိမ့်မယ်လို့ ထင်ကြေးပေးထားခဲ့ကြတယ်။

လင်းမိသားစုရဲ့ တစ်ဦးတည်းသောမြေးမလေးကို အဘိုးအဘွားတွေကနေ ဝမ်းကွဲတွေအထိ လင်းမိသားစုတစ်ခုလုံးက ကောင်းကင်ကိုရောက်တဲ့အထိ ပင့်မြှောက်ထားကြလိမ့်မယ်လို့ ဘယ်သူက သိရှိခဲ့မှာလဲ။

70???????????? ????????????????????????????????????????????????? ???????????????Where stories live. Discover now