抖阴社区

(23)

1.4K 186 1
                                        

(23)

ဒါရိုက်တာရှု၏ စကားများကိုကြားချိန်တွင် စုန့်ဝေ့၏နှလုံးသားက ရုတ်တရက် ရပ်တန့်သွားရသည်။

"ဘာလဲ?!"

စုန့်ဝေ့မှာ ထိုလေသံက အလွန်အမင်း အံ့အားထိတ်လန့်နေခဲ့ရသည့် သူကိုယ်တိုင်ဆီမှထွက်လာသည်ဟု ထင်ခဲ့သော်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်သွားခဲ့ရသည်။

၎င်းမှာ ဒါရိုက်တာရှု၏ဘေးနားတွင်ရှိနေသည့် လင်းရန်ဆီမှ ထွက်လာခြင်းသာ ဖြစ်နေခဲ့သည်။

လင်းရန်၏ မျက်လုံးများက ပြူးကျယ်စွာဖြင့် စုန့်ဝေ့ဆီကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း မုန်တိုင်းများ ပြင်းထန်နေခဲ့သည့် နှလုံးသားထဲမှ အော်ဟစ်လာသည့်အလား အော်ဟစ်လာခဲ့ပြီး သူမ၏ မျက်နှာသည်ကတော့ သနားစရာကောင်းလွန်းသည့် လှည့်စားခံလိုက်ရသူလေးတစ်ဦးကဲ့သို့ဟန်ဆောင်ကာ  သူမ၏ခေါင်းကို ခါရမ်းလျှက်ငိုကြွေးလာတော့သည်။

  
"ကြင်ဖက်တွေ့တာ...အန်ကယ်စုန့်၊ ဒါဆို အန်ကယ်က မနေ့ညက ကျွန်မကို ခေါ်သွားတာ အစ်ကိုရှုနှင့် ကြင်ဖက်တွေ့ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ခေါ်သွားခဲ့တာပဲ!

ကျွန်မက အန်ကယ် ကျွန်မကို တကယ်ဂရုစိုက်လို့ ဈေးဝယ်ထွက်ဖို့ ခေါ်သွားချင်ခဲ့တယ်လို့ ထင်နေခဲ့တာ၊ ဒါပေမယ့် ကျွန်မ မမျှော်လင့်ထားခဲ့ဘူး... ဝူး ဝူး ဝူး..

အန်ကယ်က ကျွန်မ မကြိုက်တဲ့သူတစ်ယောက်နဲ့ ကြင်ဖက်တွေ့ဖို့အတွက် လှည့်စားချင်နေတာပဲ... ကျွန်မ အန်ကယ်စုန့်ကို ဘယ်တော့မှ မယုံတော့ဘူး!"

လင်းရန်၏စကားကို ကြားလိုက်ရချိန်တွင် စုန့်ဝေ့မှာ ချက်ချင်းပင် မင်သက်ကြောင်အမ်းသွားခဲ့ရတော့သည်။

အဆုံးတွင် တိုးတက်မှုအခြေအနေက ဤကဲ့သို့ ဖြစ်လာလိမ့်ခဲ့မည်ဟု သူ မည်သည့်အချိန်ကမှ  မမျှော်လင့်ထားမိခဲ့ပါချေ။

သူ့အနေဖြင့် လင်းရန်ကို လိမ်ညာချင်နေခဲ့ပြီး ယမန်နေ့က တွေ့ဆုံမှုမှာ ကြင်ဖက်တွေ့ဆုံခြင်းမဟုတ်ကြောင်း ရှင်းပြချင်သော်လည်း သူ၏  မျက်လုံးထောင့်မှ ဒါရိုက်တာရှု၏ လှောင်ပြောင်သရော်ဟန်အမူအရာကို သတိပြုမိခဲ့ပြီး သူ့၏လည်ချောင်းက ပိတ်ဆို့သွားခဲ့ရကာ မည်သည့်စကားကိုမှ မပြောရဲတော့ပါချေ။

70???????????? ????????????????????????????????????????????????? ???????????????Where stories live. Discover now