抖阴社区

(18)

1.4K 159 0
                                    

(18)

စုန့်စစ်ယွီက လင်းရန်၏စကားကြောင့် လှုပ်ခတ်သွားခြင်း မရှိပါချေ။

ထိုကဲ့သို့ မေးခွန်းမျိုးကိုတောင် ယခုကဲ့သို့ မေးမြန်းရဲလာသည်ဖြစ်၍ သူမ၏စိတ်ထဲတွင် သဘာဝအတိုင်း မှန်းဆချက်တစ်ခုရှိလာခဲ့ပေပြီ။

ယမန်နေ့တုန်းက ရှုကျစ်ဝမ်နှင့် တွေ့ဆုံချိန်တွင် လင်းရန်၏  ဟက်ဟက်ပက်ပက်မရှိလှသည့်အမူအရာကို တွေး၍ သူမ၏  မှန်းဆချက်က ပို၍သေချာလာခဲ့သည်။  

လင်းရန် ကျေးလက်ဒေသသို့ အလျင်အမြန်သွားရသည့် အကြောင်းရင်းမှာ သူတို့ ဖုံးကွယ်ရန်အတွက် ခက်ခက်ခဲခဲ ကြိုးစားထားခဲ့ရသည့် သူမအား ရှုကျစ်ဝမ်နှင့် လက်ထပ်ရန် စီစဥ်နေသည့်ကိစ္စအား လင်းရန်သိနေခြင်းကြောင့် ဖြစ်လိမ့်မည်။

စုန့်စစ်ယွီအနေဖြင့် သူမ၏အဖေက လင်းရန်အား ထိုကိစ္စကို ကြိုတင်ပြောပြမည်မဟုတ်ကြောင်း သံသယမရှိ ယုံကြည်နေသော်လည်း လီရှို့လီကိုတော့ သံသယရှိနေခဲ့သည်ပင်။

  
  
လီရှို့လီမှာ လင်းရန်၏ မိခင်အရင်းဖြစ်သည်။ သူမသမီး၏ ဘဝတစ်သက်တာအတွက် ကိစ္စအား သမီးဖြစ်သူထံမှ ဖုံးကွယ်ထားရန်မှာ သေချာပေါက် မဖြစ်နိုင်ပေ။

ထိုလီရှို့လီက လင်းရန်အား သူမနှင့်သူမ၏ဖခင်စုန့်ဝေ့တို့မရှိခင် ထိုအကြောင်းများကို ပြောခဲ့ပြီးသားဖြစ်နိုင်သည်။

ထိုကဲ့သို့သာ ဖြစ်နေလိမ့်မည်!

သို့မဟုတ်ပါက လင်းရန်၏ ထူးဆန်းသည့် အပြုအမူများကို တခြားမည်သို့ရှင်းပြနိုင်မည်နည်း။

သူမ၏  အထင်မှာ မှန်ကန်နေခဲ့သည်ပင်။

လီရှို့လီက အမှန်တကယ်  စိတ်နှလုံး ပေါ့ပါးစွာနေတတ်သူမဟုတ်ကြောင်း သူမသိသည်။

ထိုအမျိုးသမီးက အမြဲတစေ တခြားလူများအတွက် ကြည့်ပေးသကဲ့သို့ ဟန်ဆောင်နေသော်လည်း တကယ်တမ်းတွင် သူမ၏ နှလုံးသားက သူမ၏ သမီးအရင်းအတွက်သာ ဖြစ်နေသည်သာ။

  
ထိုအမျိုးသမီးရဲ့ သရုပ်ဆောင်စွမ်းရည်က အံ့မခန်းဖြစ်ပြီး သူမ၏ဖခင်ဖြစ်သူတောင် သူမ၏ အပေါ်ယံအသွင်အပြင်ကြောင့် လှည့်စားခံလိုက်ရသည်။

70???????????? ????????????????????????????????????????????????? ???????????????Where stories live. Discover now