抖阴社区

(3)

2K 228 6
                                        

(3)

လင်းရန်က အောက်ထပ်တွင်ရှိနေသည့် လူသုံးယောက်ကို ငုံ့ကြည့်လိုက်သည်။

စိတ်ပူပန်နေခဲ့သော်လည်း မပြရဲသော ဖခင်အရင်း၊ လင်ပါသမီးဖြစ်သူအား ရတနာလေးလို ချစ်မြတ်နိုးပေးနေခဲ့သော မိထွေး၊ အကြောင်းပြချက်တစ်ခုခုကြောင့် အဖျားကြီးနေသော သမီး။

ဤသည်မှာကျောင်းသုံးစာအုပ်ထဲတွင် ထည့်သွင်းဖော်ပြထားသော " တင်းကျပ်သောဖခင်နှင့် ချစ်ခြင်းမေတ္တာကိုဖော်ပြပေးနေသောမိခင်" ဆိုသည့် မိသားစု ဥပမာပင် မဟုတ်ပါလား။

သူတို့၏ သရုပ်ဆောင်မှုများကို အလွန်ကြိုက်နှစ်သက်သည့်အတွက် လင်းရန်က သူတို့ကို ကူညီဖို့ ရွေးချယ်ခဲ့သည်။

ထို့ကြောင့် သူမက အစပြုပြီး ပြောခဲ့သည်။

"ကျွန်မ တစ်ယောက်တည်း နေခဲ့နိုင်ပါတယ်၊ အမေနှင့် အန်ကယ်စုန့်တို့ အစ်မစစ်ယွီကို ဆရာဝန်ဆီ အရင်ခေါ်သွားပေးလို့ ရတယ်၊ ကျွန်မ ညစာကိုအပြင်မှာ သွားစားလိုက်မယ်"

လီရှို့လီက သူမ အပြင်သို့ထွက်စားမည်ဆိုသည့်စကားကို ကြားသည်တွင်  မနေနိုင်တော့ဘဲ ထိုအကြောင်းကို ပြောဆိုလာခဲ့သည်။

"မင်းက နေ့တိုင်း အပြင်ကိုထွက်ပြီး စားသောက်ဖို့ကိုပဲသိတယ်၊ အခုထိ ဟင်းဘယ်လိုချက်ရမလဲဆိုတာကို မသိသေးဘူး ၊ မင်းက အသက်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးဖြစ်နေပြီနော် ၊ အခုထိ မီးဖိုကိုတောင် မထိကိုင်ဖူးသေးဘူး မင်း..."

လီရှို့လီက စကားဆက်ပြောချင်နေသေးသည်ကိုမြင်တွေ့လိုက်ရသည်တွင်  တံခါးပေါက်နားမှ စုန့်ဝေ့က  ထပ်မံသည်းမခံနိုင်တော့ချေ။
 
"ကောင်းပြီ! ရန်ရန် အပြင်ထွက်စားချင်ရင်လည်း အပြင်ထွက်စားခိုင်းလိုက်ပေါ့၊ ယွမ်နည်းနည်းလောက်ပဲ ကုန်ကျမှာပဲလေ၊ တကယ်ကို မင်းမှာ ပိုက်ဆံမလောက်ရင် အံဆွဲထဲကနေ ယူသွားလိုက်၊ အန်ကယ် ပြန်လာရန် မင်းအတွက် ထပ်ပြီး ပြင်ဆင်ပေးမယ်"

"လောင်စုန့်၊ ရှင် သူ့ကို သိပ်ပြီးအလိုမလိုက်နဲ့တော့၊  မဟုတ်ရင် သူမက အနှေးနဲ့အမြန် ဥပဒေမဲ့ဖြစ်လာလိမ့်မယ်"

70???????????? ????????????????????????????????????????????????? ???????????????Where stories live. Discover now