抖阴社区

(6)

1.7K 190 6
                                    

(6)

လီရှို့လီက အမှန်တကယ်ကို စိတ်ရှုပ်နေခဲ့ပြီး စုန့်ဝေ့၏ ဆိုလိုရင်းအဓိပ္ပါယ်ကို လုံးဝနားမလည်ခဲ့ချေ။

ကံကောင်းထောက်မစွာနှင့် စုန့်ဝေ့က သူမ၏  ထိုကဲ့သို့ တုံးအခြင်းကို ကျင့်သားရခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး နောက်စက္ကန့်တွင် ရှင်းပြလာသည်။

"ငါပြောခဲ့တဲ့စကားက ဘာကိုဆိုလိုချင်တာလဲဆိုတော့၊  ကလေးတစ်ယောက်ကို အမြန်ဆုံးလက်ထပ်ခိုင်းလိုက်ကြမယ်၊ 

ဒီလိုနည်းနဲ့ ငါတို့မိသားစုမှာ ကလေးတစ်ယောက်ပဲကျန်တော့တယ်လေ၊ တခြားသူတွေက ငါတို့မိသားစုထဲကနေ ကျေးလက်ကိုစေလွှတ်ဖို့ နောက်ထပ်ခွဲတမ်းတစ်ခုတိုက်တွန်းဖို့မဖြစ်နိုင်တော့ဘူး"

လီရှို့လီမှာ ထိုစကားကိုကြားသည်နှင့် သူမ၏မျက်လုံးများက ချက်ချင်းပြူးကျယ်သွားခဲ့သည်။

"ဟုတ်သားပဲ၊ ဒီလိုမျိုးလုပ်လိုက်လို့ရတယ်၊ ဒါပေမယ့် အိမ်ထောင်ရေးက ကြီးမားတဲ့ကိစ္စတစ်ခုပဲ၊ ကျွန်မတို့ စစ်ယွီအတွက် လက်တွဲဖော်ကောင်းတစ်ယောက်ရဖို့ ဂရုတစိုက်ရွေးချယ်ရမယ်"

လီရှို့လီက လက်ထပ်ခိုင်းမည်ဟုသောစကားကိုကြားသည်နှင့် အစ်မဖြစ်သည့် စုန့်စစ်ယွီဟုသာ မသိစိတ်က ခံစားမိသော်လည်း စုန့်ဝေ့၏ တွန့်ဆုတ်နေသည့်အသံက ထွက်လာခဲ့သည်။

" တကယ်တော့ ငါ့မှာ တွေးထားပြီးသား ကောင်းမွန်တဲ့တစ်ယောက်ရှိတယ်၊ ငါ့တို့စက်ရုံရဲ့ စုဆောင်းရေးရုံးက ကေဒါရှုရဲ့သားလေ၊  သူက အရမ်းအရည်အချင်းရှိပြီး မိသားစု နောက်ခံလည်းကောင်းတယ်၊

ဒါပေမယ့် အဲဒီကောင်မလေး စုန့်စစ်ယွီဆီ ဒီလောက်ကောင်းတဲ့ လက်တွဲဖော်ကို မပေးချင်ဘူး၊ အဲဒီကောင်မလေးက အရမ်းဆိုးလွန်းတယ်၊ သူမလို မတွေးတောမစဥ်းစားတတ်တဲ့သူက ဘာလို့ ဒီလိုသမက်ကောင်းမျိုးနှင့် ထိုက်တန်မှာလဲ ၊ ငါကတော့ ဒီလိုအိမ်ထောင်ရေးကို လင်းရန်ကပဲ ရသင့်တယ်လို့ထင်တယ်!"

"ရန်ရန်လိုမျိုး နာခံမှုရှိပြီး တွေးတောစဥ်းစားတတ်တဲ့ ကလေးကသာ ဒီလိုကောင်းမွန်တဲ့ လက်ထပ်ပွဲနှင့် ထိုက်တန်လိမ့်မယ်၊ သူသာ ကောင်းကောင်းလက်ထပ်နိုင်ရင် ငါ စိတ်သက်သာရာ ရသွားရမှာပဲ"

70???????????? ????????????????????????????????????????????????? ???????????????Where stories live. Discover now