Uni
===="ဖက်တီးရေ..."
"ဖက်တီးရေ ထတော့လေ သားငယ်"
"ဟင့်... အင်း...."
ဒီနေ့ ကိုးတန်းတွေ မနက်ခင်းကျူရှင်မရှိတာကြောင့် မထဘဲ အိပ်ကောင်းနေသော ဖက်တီးသည် နောက်ဖေးက အမေ့ရဲ့အော်ခေါ်သံကို မကြားချင်ယောင်ဆောင် လျစ်လျူရှုရင်း စောင်ကို ခေါင်းထိ ဆွဲခြုံလိုက်၏။
ဂျူလိုင်လရဲ့ တနင်္လာနေ့မနက်ခင်းတစ်ခုဟာ မိုးစွေနေတာကြောင့်လားမသိ နေမပေါက်သေး...
ဇင်းကျိုက်ကုလားမတောင်ကနေ ဆက်လာသော တောင်ညိုတောင်တန်းကြီးကြောင့် အပေါင်ကျွဲခြံရွာလေးရဲ့ရာသီဥတုဟာ အနည်းငယ်အေးစိမ့်လို့နေသည်။မိုးစက်က တစ်ပေါက်နှစ်ပေါက်လောက်သာကျပြီး အိမ်ထဲထိမိုးမပက်တာမို့ အမေက ဖက်တီးရဲ့ကုတင်ဘေးက ပြတင်းပေါက်လေးကို ဖွင့်သွားတာထင်၏။ ထိုပြတင်းပေါက်က ဝင်လာတဲ့ မိုးရာသီမြေသင်းနံ့နဲ့ ရေစက်လေးတွေတင်နေတဲ့ မြက်ခင်းစိမ်းကလေးတွေရဲ့ရနံ့ဟာ အခန်းထဲ တိုးဝေ့ကျီစယ်လို့နေသည်။
အိမ်ရှေ့တံစက်မြိတ်ကနေကျနေတဲ့ ရေစက်သံတစ်ပေါက်ပေါက်ဟာလည်း ဖက်တီးကို ချော့သိပ်နေသလိုပင်...
"ဟဲ့!!! ဖက်တီး မထသေးဘူးလား...ရှစ်နာရီထိုးနေပြီနော် ဘော်ဒါကဆယ်တန်းတွေတောင် ကျူရှင်ဆင်းကုန်ပြီ"
အမေ့ရဲ့ခေါ်သံက "သားငယ်"ကနေ "ဟဲ့ဖက်တီး" ဖြစ်နေပြီမို့ ဖက်တီးခမျာ မထချင်ထချင်ဖြင့်ကုန်းရုန်းထရတော့သည်။
အိမ်နောက်ဖေး ရေချိုးတဲ့စဉ့်အိုးနားမှာ သွားတိုက်ပြီး အမေရှိရာ မီးဖိုခန်းထဲ ဖက်တီး ဝင်လာခဲ့သည်။ ရေကတော့ ခနနေ ကျောင်းသွားခါနီးမှပဲ ချိုးတော့မည်။
"မနက်က စျေးသွားတော့ မုန့်တီဝယ်လာခဲ့တာရှိတယ် စားမှာလား ဖက်တီး"
"ဟုတ် အမေ"
ဖက်တီးလည်း ပန်းကန်စင်မှာချိတ်ထားတဲ့ မုန့်တီထုတ်ကိုယူကာ မုန့်ဖက်တွေကို ပန်းကန်ထဲ ထည့်လိုက်သည်။ ပါလာတဲ့ ဇီယာတွေ ပဲသီးတွေကိုလည်း ခြွေထည့်လိုက်၏။
(မွန်ပြည်နယ်ဘက်တွင် ပူစီနံကို ဇီယာဟုခေါ်သည်။)
"ပဲပင်ပေါက်မပါဘူးလား အမေ့"

YOU ARE READING
????????????? ??????????????.../????????????? ??????????????...
Teen FictionUnicode and Zawgyi Uni ???????????????? ????????????? ???? ??????????????????… Zawgyi ???????????????? ????????????? ???? ??????????????????…