Uni
===="လင်းဟန်သာစိုး မိုင်နာချိန်နှစ်ချိန်လစ်ပြီး လှည်းတန်းသွားရအောင်။ မေသူနဲ့ ရွှေစင်တို့က ကိန္နရီသွားချင်လို့တဲ့"
"အေးသွားမယ်လေ..."
"အောင်ကောင်းစံ မင်းရော လိုက်မှာလား"
စိုင်းမင်းခန့်မော်က အရှေ့တန်းက အောင်ကောင်းစံကိုပါ လှမ်းမေး၏။
အောင်ကောင်းစံက ခေါင်းငြိမ့်ကာ..."လိုက်မယ်လေ"
အခုက နေ့ခင်း (၁၂)ခွဲခါနီးဖြစ်ပြီး မနက်ပိုင်း မေဂျာချိန်တွေ တက်ပြီးပြီဖြစ်၏။ အခု နေ့ခင်းပိုင်း မိုင်နာချိန် နှစ်ချိန်ရှိပြီး နောက်ဆုံးချိန်က အတန်းမရှိတာမို့ ဖက်တီးလည်း စိုင်းမင်းခန့်မော်ရဲ့စကားကို သဘောတူလိုက်သည်။
ကျောင်းကနေ လှည်းတန်းကို လမ်းလျှောက်သွားကြမည်ပင်။
_
ဖက်တီး ကျောင်းစစတက်တဲ့နေ့ အခန်းထဲ ဘေးဘက်အစွန် တတိယမြောက်အတန်းမှာ တစ်ယောက်တည်းထိုင်နေမိသည်။ ကိုယ်သိတဲ့သူကလည်း တစ်ယောက်မှမရှိ။ အတန်းထဲ လူကလည်း သိပ်မရှိသေးသည်မို့ အားလုံးလည်း ကိုယ့်ဟာကိုယ်သာနေနေကြသည်။
"ထိုင်မယ်နော် သူငယ်ချင်း"
အသံကြားလို့ ဖက်တီးမော့ကြည့်မိတော့ ကျောပိုးအိတ်လွယ်ထားပြီး သူ့ကိုပြုံးပြနေတဲ့ ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ အဖော်မရှိတဲ့ ဖက်တီးလည်း ချက်ချင်း ဝမ်းသာအားရပင်...
"ထိုင်လေ...သူငယ်ချင်း တစ်ယောက်တည်းပဲလား"
ဖက်တီးမေးတော့ ထိုကောင်လေးက ခေါင်းငြိမ့်ပြသည်။ ထိုကောင်လေးက မျက်မှန်လေးနဲ့ အသားဖြူပြီး ကြည့်ကောင်းတဲ့ရုပ်ရည်ရှိ၏။ ပိန်ပိန်ပါးပါးပင်ဖြစ်ပြီး အရပ်ကတော့ ရှည်ပါသည်။
"ငါက စိုင်းမင်းခန့်မော်...မင်းနာမည်ကရော ဘယ်လိုခေါ်လဲ"
"ဖက်...အဲ...လင်းဟန်သာစိုး"
ဖက်တီးလို့ယောင်ပြီးထွက်မိတော့မည်ကို ထိန်းလိုက်ရသည်။
ဖက်တီးက အဝလွန်နေတဲ့ ခန္ဓာကိုယ််ဟုတ်ဘဲ ပြည့်ရုံသာပြည့်တာမို့ ဖက်တီးဆိုတဲ့ နာမည်ပြောင်ကိုလည်း ဒီကလူတွေ စဉ်းစားမိမည်မဟုတ်။ ငယ်ငယ်က တစ်တုတ်လေးမို့သာ ခေါ်ရင်းခေါ်ရင်း တစ်ရွာလုံးရဲ့ ပါးစပ်ဖျားမှာ ဖက်တီးဖြစ်ခဲ့ရသည်။

YOU ARE READING
????????????? ??????????????.../????????????? ??????????????...
Teen FictionUnicode and Zawgyi Uni ???????????????? ????????????? ???? ??????????????????… Zawgyi ???????????????? ????????????? ???? ??????????????????…