Uni
===="သားငယ် အစောကြီး ဘာထလုပ်နေတာတုန်း"
ဝါသင်းတစ်ယောက် ကွေ့တီယိုဆိုင်ထွက်ရန်အတွက် ကြက်သားတွေပြုတ်ဖို့ ဆိုင်မီးဖိုခန်းထဲဝင်လာရင်း သားငယ်ဖြစ်သူကိုမေးလိုက်၏။ မီးဖိုခန်းထဲမှာ မီးဖွင့်ထားသော်လည်း အပြင်မှာတော့မနက်(၅)နာရီမခွဲသေးတာမို့ နေအလင်းရောင်တောင် ကောင်းကောင်းထွက်မလာသေးပေ။
မနေ့ညကလည်း ည(၁၁)နာရီ စာကျက်ချိန်အပြီးဘော်ဒါမှာ အိပ်နေကြကိုမအိပ်ဘဲ အိမ်ပြန်လာလို့ တံခါးထဖွင့်ပေးရသည်။ အခုလည်း မနက်
အစောကြီး မီးဖိုချောင်မှာ အလုပ်ရှုပ်နေပါ၏။"ထမင်းကြော်မလို့အမေ ပသျှူးထမင်းကြော်ကို အစပ်နည်းနည်းလျှော့ပြီး အမေစားဦးမလား"
"မစားပါဘူး မေးကြည့်တာ ဘာလို့လဲ သားစားချင်လို့လား အမေကြော်ပေးထားမယ်လေ ခနနေ ကျူစင်စိတယ်မဟုတ်လား"
"ရတယ် အမေ သားလုပ်လိုက်မယ်..."
သုတက ပြောရင်းပင် မုန်လာဥနီတွေကို သေးသေးလေးဖြစ်အောင် လှီးနေ၏။ baby cornလေးတွေကိုလည်း ခပ်များများထည့်သည်။ အသီးအရွက်တွေလှီးပြီးသွားတော့ ထမင်းဖြူထဲ အရသာတွေစပ်ကာ ထည့်နယ်လိုက်သည်။
ထို့နောက် ဆီထည့် ကြက်ဥထည့်ပြီး ချေမွကာကျက်သည်အထိကြော်လိုက်၏။ ကြက်သွန်ဖြူကိုဆီသတ် အသားနုတ်နုတ်စင်းလေးတွေထည့်ကာ ထပ်ကြော်သည်။ ငရုတ်သီးမှုန့်ကိုတော့လျှော့ထည့်ထားပါသည်။ မနက်စောစောစားမှာဆိုတော့ မစပ်ရအောင်ပင်။မနက်စာအတွက် ပိုပြီး သင့်တော်တဲ့ တခြားဟာပြင်ဆင်ပေးလို့ရသော်လည်း စိတ်ကောက်နေတဲ့ကောင်လေးကို သူအကြိုက်ဆုံးအစားအစာနဲ့ ချော့ရမည်လေ...
အသီးအရွက်တွေထည့်ကြော်ပြီး ခပ်စိမ်းစိမ်းအနေအထားလေးမှာပဲ အရသာစပ်ထားတဲ့ထမင်းဖြူတွေကိုပါထည့်မွှေတော့သည်။ အိုးမကပ်သွားအောင် လက်က အဆက်မပြတ်မွှေပြီးနောက် ပသျှူးထမင်းကြော်နံ့လေးက အလွန်မွှေးပျံ့လာပါတော့သည်။ ပိုသင်းသွားအောင် ငရုတ်ကောင်းလေးအနည်းငယ်ကိုပါ ဖြူးလိုက်၏။
"အမေ့ မြည်းကြည့်ပေးပါဦး"
ဝါသင်းက တခြားဇွန်းကလေးနဲ့ ထမင်းကြော်အနည်းငယ်ကို အိုးထဲမှခပ်ယူကာ မြည်းကြည့်သည်။

YOU ARE READING
????????????? ??????????????.../????????????? ??????????????...
Teen FictionUnicode and Zawgyi Uni ???????????????? ????????????? ???? ??????????????????… Zawgyi ???????????????? ????????????? ???? ??????????????????…