Uni
====Author's Noteကို အရင်ဖတ်ပေးပါရန်❗
AN/ ဒီအပိုင်း(၃၂)ရဲ့ ဒုတိယပိုဒ်က လူကြီးစာပေအပိုင်းပါ။ ဒါကြောင့် ဖက်တီးနဲ့ကိုကို့ကို ဖြူဖြူစင်စင်လေးပဲမြင်ချင်တဲ့သူတွေက မဖတ်ဘဲကျော်သွားလို့ရပါတယ်ရှင်။ ဇာတ်ကွက်အရဆက်စပ်မှုတော့မရှိပါဘူး။ ဒါပေမဲ့ ဘာလို့ဒီအပိုဒ်ကို ထည့်ထားတာလဲဆို ဖက်တီးနဲ့ကိုကိုတို့ရဲ့ ရင်းနှီးမှုအတိုင်းအတာကို ပေါ်လွင်စေချင်လို့ ဇာတ်လမ်းအရထည့်ထားခြင်းပဲဖြစ်ပါတယ်။
ကျော်လို့ရတယ်ပြောပေမယ့် 100မှာ99ယောက်လောက်က ကျော်မယ်မထင်ပါဘူး။ အဲ့တာကြောင့် အသိပေးပါရစေ။ လူကြီးစာပေသီးသန့်လို ညစ်ညမ်းတဲ့အရေးအသားပုံစံမျိုးနဲ့ရေးသားထားတာမဟုတ်ပေမဲ့ တော်တော်လေးတော့ အသေးစိတ်ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီအပိုင်းက သုတနဲ့ဟန်သာတို့ရဲ့အပိုဒ်ကို ssရိုက်ပြီး Publicမှာမဖော်ပြကြဖို့အတွက် မေတ္တာရပ်ခံပါတယ်နော်...🤍
***
ဒုန်း!
"ကျစ်! ဒီ ကားစုတ်ကလည်း စိတ်တိုလိုက်တာဟာ..."
လူပြတ်တဲ့ လမ်းမတစ်ခုပေါ်မှာ ကတ်ကတ်တစ်ယောက် စိတ်တိုလွန်း၍ ကားဘော်ဒီကို တဒုန်းဒုန်းနဲ့ ကန်ကျောက်နေမိသည်။ နေရင်းထိုင်ရင်း ကားက ထိုးရပ်သွားတာ ဘာဖြစ်မှန်းမသိလို့ကြည့်လိုက်တော့ ဆီကုန်သွားတာတဲ့။
ကားစထွက်ကတည်းက မကြည့်လိုက်မိတာ ကတ်ကတ်ရဲ့ အမှားပင်။ မမပဲဖြစ်မှာပေါ့! ယူမောင်းပြီးရင် ဘယ်တော့မှ ဆီပြန်မထည့်ပေးတာ...။ လာခေါ်ခိုင်းဖို့ အိမ်ကလူတွေကိုဖုန်းဆက်တော့လည်း တစ်ယောက်မှ မကိုင်။
"အေး အေး မကိုင်ကြနဲ့!"
Augustလကုန်ခါနီးအချိန်မို့ မိုးကလည်း ခနနေ အလောတကြီးဝေါခနဲရွာချတော့မည့်ဟန်ပြင်နေကာ ကောင်းကင်က အုံ့မှိုင်းနေ၏။ ဖွားဖွားထားတို့အိမ်ဘက်သွားမို့ကို ရွှေပေါက်ကံတံတားကဆင်းလာလို့လည်းရ၊ ခြောက်ကွေ့ကနေ ကွေ့လာလို့လည်းရတဲ့ ခရီးအား အဝေးပြေးဝင်းမှာ ပစ္စည်းဝင်ယူစရာရှိလို့ဆိုပြီး ခရေပင်လမ်းခွဲဘက်ကနေလျှာရှည်ပြီးပတ်လာလိုက်တာ အခု ဇေကမ္ဘာဝင်း ဂေါက်ကွင်းနားမှာ ကားတစ်စီးနဲ့တစ်ယောက်တည်း...။

YOU ARE READING
????????????? ??????????????.../????????????? ??????????????...
Teen FictionUnicode and Zawgyi Uni ???????????????? ????????????? ???? ??????????????????… Zawgyi ???????????????? ????????????? ???? ??????????????????…