Uni
===="ဒါ အသစ်လာတဲ့နှစ်ယောက်...နှုတ်ဆက်လိုက်ပါအုံး ညီလေးနဲ့ ညီမလေးတို့"
Department Manager ဖြစ်တဲ့ ကိုလင်းသူကပြောတော့ သုတကအရင်စမိတ်ဆက်လိုက်သည်။
ဘေးက ကောင်မလေးကတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့...လူကြောက်တတ်ပုံရ၏။"သုတထက်သူပါ...သုတလို့ခေါ်လို့ရပါတယ်။ Content 抖阴社区r positionနဲ့ ဝင်လာတာပါ။ အသက်၁၈ပါ။ အားလုံးနဲ့အတူတူ ကြိုးစားသွားပါ့မယ်။ မသိတာရှိရင်လည်း တွဲခေါ်ပေးပါဦးဗျ..."
သုတက အခန်းထဲမှာရှိနေတဲ့ လူတွေကိုကြည့်ပြီး ပြုံးကာ နှုတ်ဆက်လိုက်သည်။ များလွန်းလို့ ဘယ်နှစ်ယောက်မှန်းမသိ။ သေချာလိုက်ရေကြည့်တော့မှ သူတို့နှစ်ယောက်နဲ့ မန်နေဂျာဖြစ်တဲ့ကိုလင်းသူအပါအဝင် ၁၄ယောက်တောင်ပင်...
Departmentတစ်ခုမှာ အဲ့လောက်တောင် လူများတာလား...။ ဟော်တယ်အခွဲတွေ အများကြီးရှိပြီး pageတွေကလည်း မြို့တစ်မြို့ကို တစ်pageရှိတော့ ကိုင်ရတာများလို့နေမှာပေါ့လေ...
အခန်းသည် မှန်တံခါးဖြင့် ကာရံထားပြီးနံရံအဖြူရောင်တွေနဲ့ အခန်းရှည်တစ်ခုဖြစ်၏။ လျှောက်လမ်းတစ်ဖက်တစ်ချက်စီမှာ အံဆွဲပါ ကျွန်းစားပွဲများနဲ့ ဆုံလည်ထိုင်ခုံတို့အပေါ် တန်းစီထိုင်နေကြတဲ့ လူများရှိသည်။ လျှောက်လမ်းအဆုံး၊ ထိုလူတန်းအဆုံး အလယ်မှာတော့ DMကိုလင်းသူ၏ စားပွဲက ထွက်ပေါက်နဲ့မျက်နှာချင်းဆိုင်မှာရှိနေသည်။ မီးချောင်းဖြူတွေထွန်းထားပြီး အခန်းတွင်းက ထိန်လင်းနေသည်။ အဲကွန်းက လေတွေကလည်း အေးစိမ့်နေ၏။ အောက်မှာခင်းထားတဲ့ အမွေးပွကော်ဇောကြောင့်သာ ခြေဖဝါးတို့ အနည်းငယ်နွေးရသည်။ ဖိနပ်တွေကတော့ အခန်းအပြင်စင်ပေါ်မှာ ချွတ်ထားခဲ့ရ၏။
"အံမယ်...အချောပဲ"
ဘယ်ဘက်ခြမ်း သုံးခုံမြောက်စားပွဲက အစ်မတစ်ယောက်က သုတကိုကြည့်ကာ ဆိုလာသည်။
"ကဲ...နောက်တစ်ယောက်ပြောပါဦး"
ကိုလင်းသူရဲ့ အပြောကြောင့် သုတရဲ့ဘေးမှာရပ်နေတဲ့ မျက်မှန်နဲ့ကောင်မလေးက တွန့်ဆုတ်ဆုတ်ဖြင့်ပြောလာ၏။ လူတွေအများကြီး အာရုံစိုက်တာ ခံနေရသည်ကို စိတ််မသက်သာဟန်ဖြင့် သူ့မျက်မှန်ကို ပင့်တင်ကာ...

YOU ARE READING
????????????? ??????????????.../????????????? ??????????????...
Teen FictionUnicode and Zawgyi Uni ???????????????? ????????????? ???? ??????????????????… Zawgyi ???????????????? ????????????? ???? ??????????????????…