抖阴社区

Ep 5 (U)

6.1K 348 22
                                        

"ဒီမှာ မင်း ခုနက တမင်လုပ်တာမို့လား"

"ကျွန်တော်ဘာလုပ်လို့လဲ"

"မင်း မသိသလိုလုပ်မနေနဲ့"

"ခွိ..."

နှုတ်သီးတထော်ထော် ရန်တွေ့နေတဲ့တစ်ယောက်ကို ကြည့်၍ ဒီသရယ်ချင်တာအောင့်ထားတဲ့ကြားမှ ရယ်မိသွားသည်။

"ကြည့် မြင်လား မင်းတမင်လုပ်တာ!!
ငါ့ကိုရယ်မနေနဲ့"

"ကျွန်တော်က ဟာသပြောလိုက်တာလေ အဲ့လိုပြောလိုက်မှ သူတို့ဇာတ်ကားအကြောင်းကိုလွှဲသွားတာ
မတွေ့ဘူးလား"

"မတွေ့ဘူး!!"

"နောက်တစ်ခါ လူရှေ့သူရှေ့ မသိမသာအမူအရာတွေ လာလုပ်မပြနဲ့၊ ကျွန်တော်ကအဲ့လိုပဲ ဟန်မဆောင်တတ်တော့ ဖော်တတ်တယ် ပြောပြထားတာ"

"အေးပါ မင်း‌...မင်း တွေ့မယ်"

"ခုလည်း တွေ့နေတာပဲလေ"

ဒီသနှင့် သက်တန့်အရပ်က မတိမ်းမယိမ်းမို့  နှစ်ယောက်သားယှဉ်ရန်ဖြစ်နေတာကို မန်နေဂျာနှစ်ယောက်မှာ မော့တကြည့်ကြည့်နဲ့ ဟိုလူ့ဆွဲရမလို
ဒီလူ့ဆွဲရမလို ဖြစ်နေလျက်။

သက်တန့် ဒီတစ်ယောက်နဲ့ကြာကြာနေရင်
အသက်တိုရလိမ့်မယ်။ ထို့ကြောင့် စိတ်ကိုလျှော့ကာဖြင့်

"မအိ သွားမယ်"

"အေးအေး သက်တန့် သွားကြမယ် သွားကြမယ်"

"ခွီ...!"

သူ့ကိုမျက်စောင်းထိုး ခြေဆောင့်ထွက်သွားတဲ့သူကို ကြည့်ရင်း ဒီသမထိန်းနိုင်ပဲရယ်ချလိုက်မိတော့သည်။ ပြောရမယ်ဆို အူထဲ၊ကလီစာထဲကနေပါ တလှိုက်လှိုက်နဲ့ ရယ်ချင်နေတာဘာလို့မှန်းမသိ။

"ရယ်မနေနဲ့! မင်း ငြိမ်ငြိမ်လေးနေလို့မရဘူးလားကွာ သဘက်ခါဆိုဇာတ်ကားက စရိုက်ရတော့မှာ ဘာလို့ရန်သွားသွားစနေတာလဲ"

"ဘယ်မှာစလို့လဲ"

ဒီသအသံက ဘောက်ဆတ်ဆတ်‌ဖြစ်နေပေမဲ့ ရယ်ချင်နေတုန်းဖြစ်၍ နှုတ်ခမ်းတွေကတော့ တွန့်ကွေးနေတုန်း။

"အေး နောက်တစ်ခါ စကားကိုကောင်းကောင်းပြော၊ ဟိုကမင်းစီနီယာ စကားပြောတာက မလေးမခန့်နဲ့! ပြီးတော့ ပြောထားအုံးမယ် သူကမင်းထက်၇နှစ်ကြီးတယ် နောက်တစ်ခါ သူ့ကို အစ်ကို‌လို့ခေါ်ရမယ်"

?????????????????? (Complete)Where stories live. Discover now