လိုင်းပေါ်တက်လာတဲ့ video အပိုင်းအစတစ်ခုကို အပြန်အလှန်ကြည့်ရင်း စည်အံ့ဖြိုးမျက်နှာက ပိုပိုမှုန်ကုတ်လာလေ၏။ ဒီနေ့ သက်တန့်၀တ်တဲ့အင်္ကျီက ချာတိတ်ချုပ်ပေးထားတာလို့ဖြေထားသည်။ ဘန်ကောက်မှာတုန်းက ပေးလိုက်တာပဲဖြစ်ရမည်။ ဒါဆို သူ့ဖို့ ချာတိတ်ကဘာကြောင့်ချုပ်မပေးရတာလဲ။ ဘန်ကောက်မှာရှိနေစဉ်အတွင်း သူအားရင်အားသလိုမကြာခဏသွားတွေ့ခဲ့တာကို သူ့ဖို့ကျ ဘာလို့ချုပ်မပေးရသလဲ။
Video ကြည့်လိုက် တွေးလိုက်ဖြင့် နောက်ဆုံးမနေနိုင်တဲ့အဆုံး ချာတိတ်ဆီ ဖုန်းခေါ်လိုက်တော့သည်။ ဖုန်း၀င်ပြီး ခဏအတွင်းမှာပဲ ချာတိတ်ဘက်က ဦး...ဆိုတဲ့အသံလေးကို ကြားလိုက်ရသည်။
"ဘာလုပ်နေတာလဲ ကလေး"
"ကျွန်တော်လား ကိုကို့အင်တာဗျူးတက်လာတာတွေကြည့်နေတာ...ကိုကိုဒီနေ့၀တ်ထားတဲ့အင်္ကျီက ကျွန်တော်ချုပ်ပေးထားတာလေ ဦးတွေ့ပြီးပြီမဟုတ်လား မိုက်လား..."
ချာတိတ်ပြောတာနားထောင်ရင်း စည်အံ့ဖြိုးမျက်နှာက ပိုမိုမှုန်ကုတ်သွားလေသည်။ သူ မနာလိုခြင်းဆိုတဲ့ ခံစားချက်မျိုး ခံစားနေရသည်။ သူ့အသက်အရွယ်ဖြင့် ဒီလိုတွေလိုက်ပြိုင်မနေသင့်တာ သိပေမဲ့ ချာတိတ်နှင့်ဆိုရင်တော့ လက်ဆောင်သေးသေးလေးကအစ သူပထမဆုံးပဲရချင်တဲ့ အတ္တကလေးရှိသည်။ ထို့ကြောင့် သည်းခံမနေတော့ပဲ...
"ကိုယ့်ဖို့ရော..."
"ဗျာ..."
"ချာတိတ်အစ်ကိုဖို့ချုပ်ပေးပြီး ဘာကြောင့်ကိုယ့်ဖို့ကျ ချုပ်မပေးတာလဲ"
"ဗျာ....အဲ..."
"အဲ့အင်္ကျီဘန်ကောက်လာတုန်းက ချာတိတ်ပေးလိုက်တာမလား...ကိုယ်ဖို့ဘာလို့မပေးတာလဲ"
"အဲ့ အဲ့ဒါက...ဟို"
"ကိုယ့်ဖို့အမှတ်မပေါ်ဘူးမလား... ချာတိတ်က ကိုယ့်ကိုမချစ်ဘူးပဲ"
လေသံမှာ စိတ်မကောင်းခြင်းတွေစွက်နေတဲ့အခါ လရောင်ပြာပြာသလဲ ဖြေရှင်းချက်ပေးရတော့၏။
"အဲ့လိုမဟုတ်ပါဘူး...ဟို ကိုကိုကကျ ဘယ်လိုနေနေ၀တ်ရဲတယ်လေ ဦးကအမြဲစတိုင်ပင်နဲ့ ရှပ်တွေ ကုတ်တွေပဲ၀တ်တော့ ကျွန်တော်က မချုပ်ပေးဖြစ်တာပါ...."

YOU ARE READING
?????????????????? (Complete)
Fantasy??????????????????????????? ????????????? ?????????????? ?????????