抖阴社区

Ep 31 (U)

5.9K 510 37
                                        

အသိစိတ်လွတ်သွားရာမှ နိုးထလာချိန်တွင်
အမြင်ဝိုးတဝါးဖြင့် မျက်လုံးတွေကိုဖြေးညှင်းစွာ ဖွင့်ကြည့်မိလိုက်သည်။ လင်းထင်းစွာမီးအလင်းရောင်ဖွင့်ထားသောအခန်းတစ်ခုကို ဦးစွာမြင်လိုက်ပြီးနောက် နောက်ကျိကျိဖြစ်နေသောခေါင်းကြောင့် မျက်ဝန်းတွေပြန်ဖိမှိတ်လိုက်၏။ ဘာကြောင့် ခေါင်းတွေက ဒီလောက်မကြည်မလင် ဖြစ်နေရတာလဲ။ ပြီးတော့ ဒါက သူရင်းနှီးတဲ့ အခန်းတစ်ခုလည်းမဟုတ်။ ဦးနှောက်ကို အလုပ်ပေးကာ memory တွေပြန်ခေါ်ကြည့်လိုက်သည့်အခါ သက်တန့်အလန့်တကြား ထထိုင်မိသွားသည်။

ဟုတ်တယ် သူမှတ်မိပြီ။ သူ့ကို တစ်ယောက်ယောက်က ဒီကိုခေါ်လာခဲ့တာပဲ။ မနက်က မအိလာကြိုမှာမို့ အဆင်သင့် အောက်ထပ်က reception မှာကြိုစောင့်မယ်ဆိုပြီး ဆင်းလာခဲ့တာ။ ဟိုမှာဘယ်လောက်ကြာကြာနေရမည်ဆိုတာ မသိတာကြောင့် ကားကိုသေချာနေရာပြောင်းထိုးထားခဲ့ဖို့ ကားပါကင်ကို ကားသွားရွှေ့ပြီး ကားပေါ်ကအဆင်း လူနှစ်ယောက်ကသူ့ကို မေ့ဆေးအုပ်၍ အတင်းအကြပ်ခေါ်ဆောင်လာခဲ့တာဖြစ်သည်။  သူမှတ်မိတာဆိုလို့ ဒါအကုန်ပဲဖြစ်ပြီး အခုသတိလည်လာချိန်တွင် ဒီအခန်းထဲကိုရောက်ရှိနေခြင်း။

အခန်းထဲတွင် ကုတင်တစ်လုံး နှင့် စားပွဲတစ်ခုသာရှိပြီး ကျန်တဲ့ပစ္စည်းတွေမရှိပုံထောက် လူအမြဲနေတဲ့အခန်းတော့ မဟုတ်လောက်။ သက်တန့်ကိုယ်တွင် ဖုန်းကိုရှာကြည့်သော်လည်းမတွေ့။ လူကိုချုပ်နှောင်ထားတာမျိုးလဲမရှိတာမို့ ဘာသဘောနဲ့ခေါ်ဆောင်လာတာလဲ ဘယ်သူဖြစ်နိုင်လောက်လဲဆိုတာ တွေးတောနေစဉ် တံခါးသည် ချပ်ခနဲ ဖွင့်လာ၏။

"နိုးလာပြီလား"

"ဟင်!"

အခန်းထဲဝင်လာသူကို တွေ့လိုက်သည့်အခါ သက်တန့် အလွန်ထိတ်လန့်သွားရသည်။ ဒီလူ့ကို သူခဏမေ့သွားတာ။ သူ့ကို အန္တရာယ်ပေးချင်တာဆိုလို့ ဒီလူပဲရှိတာကို မေ့သွားတာ။

"ခင်ဗျား...! ခင်ဗျား ကျွန်တော့်ကိုဘယ်ခေါ်လာတာလဲ ဒါပြန်ပေးဆွဲမှုမြောက်တယ်နော်"

"ဟုတ်လား ဒါဆိုမမြောက်အောင် ကိုယ့်သက်တန့်လေးက ကူညီပေးပါလား"

?????????????????? (Complete)Where stories live. Discover now