လရောင် YouTube ကနေ fashion show ပွဲတစ်ခုကို ကြည့်နေခိုက် ဦးဆီက ဖုန်းဝင်လာတာမို့ ချက်ချင်းပဲကိုင်လိုက်၏။
"ဟယ်လို ဦး"
"ရိပ် ကလေး... ကိုယ့်ကိုတံခါးဖွင့်ပေးပါအုံး"
"ဟင် ဦးရောက်နေတာလား၊ လာပြီလာပြီ ခဏ"
ဦးက ချစ်သူဖြစ်ပြီးသွားကတည်းက သူ့ကို
ရိပ်၊ ကလေး၊ ချာတိတ် စသည်ဖြင့် နာမ်စားအမျိုးမျိုးခေါ်လေ့ရှိသည်။ အခုဆို လရောင်က ဦးရဲ့တိုက်ခန်းမှာ ပြောင်းနေ,နေပြီဖြစ်သည်။ တစ်ယောက်တည်းနေရမှာ အစက ကြောက်နေပေမဲ့ နေကြည့်လိုက်တော့လည်း ကောင်းတဲ့အချက်တွေတော့များပါသည်။ အလုပ်လုပ်ရတာလည်း အေးအေး ဆေးဆေးရှိသည်။ တစ်ခုပဲ သင်တန်းနေရာနဲ့ တိုက်ခန်းနဲ့က နည်းနည်းဝေးတော့ သွားရတာတော့အလုပ်ရှုပ်သည်။တံခါးကိုဖွင့်လိုက်တာနဲ့ ဦးကတွေ့နေကြအတိုင်း
စတိုင်ပင်အနက်နှင့် ရှပ်လက်ရှည်ကိုတံတောင်ဆစ်ထိခေါက်တင်ထားလျက်။ ဆံပင်တွေကို သေချာဖိတင်ထားတဲ့ ဦးရဲ့ပုံစံက အချိန်ပြည့် စမတ်ကျကာ ကျော့ရှင်းနေတတ်သည်။ ဒါကပဲ လရောင်ရင်ခုန်မိတဲ့ အချက်တစ်ခု။"ဦးဒီမှာအိပ်မလို့လား"
"ကိုယ်မအိပ်ပါဘူး။ ချာတိတ်အနေခက်နေမှာပေါ့
ညစာအတူစားဖို့လာခဲ့တာ မစားရသေးဘူးဟုတ်""ဟုတ်မစားရသေးဘူး"
"အင်း ကွက်တိပဲ၊ လာ ပူပူလေးတန်းစားရအောင်"
"ဟုတ် ကျွန်တော့်ကိုပေး"
"ရတယ် ဟင်းရည်ကပူတယ်... အပူလောင်လိမ့်မယ် ချာတိတ်က ပန်းကန်ပဲချပေး"
"ဟုတ်"
"ဦးကိုပြောမလို့ ကျွန်တော့်ကိုကိုလဲ ဒီကို ဇာတ်လမ်းရိုက်ဖို့လာခဲ့တာပဲ"
ဟင်းထည့်ဖို့ပန်းကန်တွေချပေးရင်း လရောင်ပြောလိုက်တော့ ဦးက တစ်ချက်စဉ်းစားသလိုလုပ်ပြီး
"ချာတိတ်အစ်ကိုနာမည်က ဘာလဲ"
"သက်တန့်ရောင်ဖြာလေ...ကျွန်တော်က
လရိပ်ရောင်ဖြာ ဟီး အန်တီလေးပေးထားတာ
လှတယ်နော်...ညီအစ်ကိုမှန်းလဲသိသာတယ် ဟီး"

YOU ARE READING
?????????????????? (Complete)
Fantasy??????????????????????????? ????????????? ?????????????? ?????????