အဲ့နားက ကားတွေ ဖြတ်သွားလေ့ရှိသော်လည်း ကတ်ကတ် ကံဆိုး၍လားမသိ ဘယ်ကားကမှ သူ့ကိုအကူညီလာမပေး...။ သူကလည်း တွေ့ရာကားသွားမတားရဲ တစ်ယောက်တည်းဖြစ်နေတော့ ကိုယ့်ကိုအန္တရာယ်ပြုသွားမှာလည်းကြောက်ရသည်။
မိုးက အုံ့နေရုံမကဘဲ လေပြင်းတွေကပါ တဝေါဝေါနဲ့ တိုက်ခတ်လာတော့ အပေါ်က ရှပ်အပါးလေးနဲ့ အောက်က ဂျင်းပေါင်တိုလေးသာဝတ်ထားတဲ့ ကတ်ကတ်မှာ ချမ်းလို့နေပြီ။ သူငယ်ချင်းတွေကို အကူညီတောင်းရအောင်လည်း သူတို့နေတဲ့နေရာနဲ့က ပြဒါးတစ်လမ်းသံတစ်လမ်း။ သူတို့လာတာစောင့်နေရတာနဲ့တင် မိုးချုပ်သွားလိမ့်မည်။ အခုပင် လေးနာရီခွဲလုရှိပြီ။
ဖုန်းcontact listကို ဟိုဆွဲဒီဆွဲလုပ်နေရင်း "ကိုကို"ဆိုတဲ့နံပါတ်လေးကိုတွေ့တော့ ခေါ်ရင်ကောင်းမလား စဉ်းစားမိသော်လည်း မခေါ်ရဲ။ ခေါ်လည်း ကိုကိုက လာမှာမဟုတ်ပါ။ ကတ်ကတ်ဘက်မှာ ဖွားထားတစ်ယောက်လုံးရှိနေပေမဲ့ ကိုကိုကိုယ်တိုင်က ပါမလာတော့ ဘာမှလုပ်လို့မရ။ ဖွားဖွားကတော့ ကတ်ကတ်ကို လက်မလျှော့ဖို့ပြောကာ အားပေးရှာပါသည်။
"ဟင့်!စိတ်ညစ်လိုက်တာ...လမ်းလျှောက်သွားလိုက်ရမလား"
ဒီနေရာကနေ ဖွားထားတို့အိမ်ကို လမ်းလျှောက်သွားဖို့စဉ်းစားမိလိုက်သော်လည်း ထီးမပါဘာမပါနဲ့ မိုးကလည်းရွာတော့မည်မို့ စိတ်ညစ်မိသည်။ လမ်းလျှောက်ရင် အနည်းဆုံး တစ်နာရီကျော်လောက်တော့ကြာမှာ...။ ခရေပင်လမ်းခွဲကိုပဲ လမ်းပြန်လျှောက်သွားရင်ကောင်းမလား။ အဲ့ကမှတ်တိုင်မှာ ဆိုင်ကယ်ကယ်ရီတွေရှိသည်။ ပြီးတော့ ဆောက်လို့ပြီးခါနီး မဖွင့်သေးတဲ့ရှောပင်းမောကြီးကလည်းရှိတာမို့ အဲ့ကလုံခြုံရေးတွေကိုများ အကူညီတောင်းလို့ ရလိုရငြား....
Taxiတွေတားလည်း ခရီးသည်တွေပါတာကြောင့် မရပ်ပေးကြပေ။ ကတ်ကတ် စိတ်ညစ်စွာ ကားဘေးနားမှာပဲ ငုတ်တုတ်ထိုင်ကာ ကူကယ်ရာမဲ့ ငိုမိသည်။ မတတ်နိုင် လမ်းခွဲကိုပဲပြန်သွားကာ ဆိုင်ကယ်ကယ်ရီဲဖြစ်ဖြစ်ငှားမှဖြစ်တော့မည်။
"ခင်များလေး!"
ရုတ်တရက်...ရင်းနှီးနေတဲ့အသံကြောင့် မော့ကြည့်မိတော့ သူ့ကို စက်ဘီးပေါ်ခွရက်သားကနေ အုံ့မိုးပြီး ငုံ့ကြည့်နေတဲ့ ထိုကောင်လေး...

YOU ARE READING
????????????? ??????????????.../????????????? ??????????????...
Teen FictionUnicode and Zawgyi Uni ???????????????? ????????????? ???? ??????????????????… Zawgyi ???????????????? ????????????? ???? ??????????????????…
???????(??)/???????(??)
Start from the beginning