抖阴社区

????? ?

4 1 0
                                    


Unicode

အခန်း (၆)

"ညီအစ်ကို လင်ယိ။" ချန်းယန်၏ အသံမှာ တုန်ယင်နေပြီး တစ်ချက်နှစ်ချက် သက်ပြင်းဝဝရှိုက်၍ သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားရင်း မေးလိုက်၏။ "ငါ့အရှေ့က အနက်ရောင်ကြီး မမည်းတော့မယ့် ဖြစ်နိုင်ခြေများရှိလား။"

လင်ယိက ခေါင်းငုံ့ကာ တွေးဆလိုက်ပြီး ပြန်မေးလိုက်လေသည်။ "ဘယ်လိုအဖြူရောင်မျိုးကို ပြောနေတာလဲ။"

ချန်းယန်: "..."

သူ့တို့ရှေ့က စော၍စာရင်းသွင်းခဲ့သော လူများသည် ၎င်းတို့ရရှိသောသော့ပေါ်မှ နံပါတ်များအတိုင်း အဆောင်ခန်းအသီးသီးဆီ လျှောက်သွားကြ၏။ တတိယထပ်ကော်ရစ်ဒါမှ မီးရောင်တို့သည် သိပ်မလင်းလှသော်ငြား အခန်းတစ်ခန်းချင်းစီ၏ နံပါတ်ကိုတော့ မြင်နိုင်ပါသည်။

"၃၀၃၊ ၃၀၄...။" ဟူ၍ ချန်းယန်က အခန်းနံပါတ်တို့ကို လိုက်ရေတွက်သည်။ သူ့မျက်နှာမှာ မည်းမှောင်သွားကာ "၃၀၅...."

အခန်းနံပါတ်များဟာ အစဉ်လိုက်ဖြစ်၍ အားလုံးက တတိယထပ်ကော်ရစ်ဒါ၏ တစ်ဖက်တည်း၌ တန်းစီ တည်ရှိနေ၏။ ယင်းအစဉ်လိုက်အခန်းနံပါတ်များအရ

သူတို့မြင်နေရသည့် အနက်ရောင်ကောင်းကင်ဟာ NPCများ လူသတ်နိုင်သည့် ညအချိန်၏ အမှောင်ထုဖြစ်ကြောင်းကို သက်သေပြနေလေသည်။

သို့သော်ငြားလည်း ဂိမ်းက ညအချိန်ကြီးမှ စတင်ခဲ့တာဖြစ်ပြီး သူတို့တွင်လည်း မည်သည့်သဲလွန်စမျှ ရှိမနေခဲ့ပါချေ။

ချန်းယန်၏မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့၏။

သူတို့ အခန်းရှေ့တွင် မတ်တပ်ရပ်နေစဥ် လင်ယိကတော့ သော့ကိုယူကာ တံခါးဖွင့်ဖို့လုပ်လိုက်သည်။ ချန်းယန်ကတော့ သူ့အား ကြည့်နေလေသည်။

ထိုအချိန်၌ လင်ယိ၏စိတ်ထဲတွင် သူ အခန်းတံခါးဖွင့်လိုက်ချိန်ကိုအခွင့်ကောင်းယူကာ အခန်းတွင်းသို့ တစ်ခါတည်းဝင်လာပြီး မုဒိန်းကျင့် သတ်ဖြတ်တော့မည့် လူထွားကြီး၏ ပစ်မှတ်ထားခံနေရသလို ခံစားမိလိုက်၏။

?????????????????????????? ???????????????????????????? ?????????????!Where stories live. Discover now