Unicodeအခန်း ၁၉ ။
လင်ယိသည် ထိုကဲ့သို့သောဖြစ်နိုင်ချေအား တွေးမထားမိပေ။ နောက်ဆုံးတွင်တော့ သူဟာ အားကုန်သုံး၍ ပြတင်းပေါက်အား အမြန်ပိတ်ခြင်း သို့မဟုတ် ပန်းအိုးမိန်းကလေးက ပို၍လျင်မြန်စွာလှုပ်ရှားပြီး သူ၏ခေါင်းကိုကိုက်ဖြတ်လိုက်ခြင်းဆိုသည့် ဖြစ်နိုင်ချေနှစ်ခုသာရှိပေတော့သည်။
ဖြစ်နိုင်ချေနှစ်ခုအား ယှဉ်ကြည့်ခြင်းသည် အချိန်ဖြုန်းခြင်းမျှသာဖြစ်သည်။ လင်ယိသည် ပန်းအိုးမိန်းကလေးနှင့် မျက်နှာချင်းဆိုင် တွေ့တွေ့ချင်းပင် နောက်သို့ပြန်ဆုတ်သွားသည်။
အခန်းထဲ၌ လက်နက်အဖြစ်သုံးစရာ ဘာမှမရှိသောကြောင့် လင်ယိသည် သူ၏ကျောဟာ တံခါးနှင့်ကပ်သွားသည်အထိ နောက်ပြန်ဆုတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။ တံခါးလက်ကိုင်သည် အဝတ်ပါးပါးဝတ်ထားသော သူ၏ခါးနေရာ၌ အပေါက်တစ်ခု ပေါက်သွားစေခဲ့၏။
လင်ယိဟာ နာကျင်မှုကြောင့် "တောက်"ဟုအော်လိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ချေ။
သို့သော် သူ့နောက်ကျောမှ ဒဏ်ရာဟာ ဘယ်လောက်ကြီးလဲဆိုတာကို မစစ်ဆေးခဲ့ပေ၊ အဓိကကတော့ အချိန်မရှိခြင်းကြောင့် ဖြစ်သည်။
သူ၏အမြင်အာရုံထဲတွင် ရောင်ရမ်းနေသော လက်များသည် ပြတင်းပေါက်အထက်တွင် ပေါ်လာလေ၏။ ပန်းအိုးမိန်းကလေးသည် ပင့်ကူကဲ့သို့ ပြတင်းပေါက်တွင် ကပ်လျက်ရှိနေကာ၊ ညှိုးနွမ်းနေသော မြက်ပင်များကဲ့သို့ အမွှေးအမျှင်များ တွန့်ကွေးနေသော ခေါင်းဖြင့် ညင်သာစွာ ခါယမ်းကာ ထူးထူးခြားခြား လိမ်ထားသောကိုယ်ဟန်အား ထိန်းသိမ်းထားသည်။
ပန်းအိုးကောင်မလေးက သူ့ကိုကြည့်နေတာကို လင်ယိသိသည်။ လင်ယိသည် သူမအား ညပေါင်းများစွာ စိတ်ပျက်စေခဲ့သည်။ ယခု သူမ ဝင်လာနိုင်သည်ကို သိလိုက်သော်လည်း လင်ယိက မည်သည့်လှည့်ကွက်များကို ထပ်၍ကြံစည်ထားမည်ကို စိတ်ပူနေသကဲ့သို့ သူမသည် သတိကြီးစွာ ရှိနေသေးသည်။
သူမ၏ သွေးနီရောင်မျက်လုံးများသည် အခန်းတွင်းရှိ လင်ယိကို အချိန်အကြာကြီး စိုက်ကြည့်နေကာ အခန်း ၃၀၄ အတွင်းသို့ ဝင်လာရန် သူမ၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ရွေ့လျားလာခဲ့သည်။

YOU ARE READING
?????????????????????????? ???????????????????????????? ?????????????!
Romance???????????? ??????????????? update ?????????????? BL Horror Survival? ??????????????? ?????????? ? ????????????????? ????????????????????? ro?????????? ??????????????????????????? ????????????????? ??????? recommend?????????????