Unicodeအခန်း ၁၁ ။
လင်ယိနှင့်ချင်ကျိုးတို့သည် အခန်း ၁၀၃တွင်ရှိနေသော ချွိကျားလျန်၊ ရွှိရှားကျီ၊ ချန်းယန်၊ လီယင်း နှင့် ကျိုးလင်းလင်းတို့ ငါးဦးကို အကဲဖြတ်ကြည့်လိုက်ကြသည်။ အထူးသဖြင့် လင်ယိသည် သူတို့မျက်လုံးများတွင် ခံစားချက်များ များလွန်းနေတတ်သဖြင့် လူအများအကြည့်ခံရသည်ကို နေသားမကျဖြစ်မိသည်။ ထို့နောက် ခံစားချက်များကို ချုပ်တည်းကာ ပြောလိုက်လေ၏။ "မနေ့ညက မရဏစည်းမျဉ်းက ငါ့ကိုခေါ်ခဲ့တာ။"
သူထိုသို့ပြောလိုက်သောအခါ ချန်းယန်မှာ ချက်ချင်း အံအားသင့်သွားလေ၏။ တခြားသူများသည်လည်း ထိတ်လန့်သွားကြကာ သူတို့မျက်ဝန်းထဲတွင် စိတ်မရှည်မှုများ ယှက်သန်းလာသည်။ မနေ့ညက လင်ယိ တွေ့ကြုံခဲ့ရသည့်အရာများကို သိချင်ကြပြီး အရေးကြီးဆုံးမှာ သူ မည်သို့ လွတ်မြောက်ခဲ့သည်ကို သိချင်မိကြသည်။
"မရဏစည်းမျဉ်းက ပြတင်းပေါက်ကတစ်ဆင့် တက်လာတာ။ ပြတင်းပေါက်ပွင့်သွားခဲ့ရင် မရဏစည်းမျဉ်းက မင်းကို ပစ်မှတ်ထားနေတယ်လို့ ဆိုလို့ ရပေမယ့် NPCက ပြတင်းပေါက်ကနေ အတွင်းကို ဝင်လာတဲ့အခါ ကာကွယ်မယ့်နည်းလမ်းကိုရှာဖွေနေမယ်ဆိုရင် မရဏစည်းမျဉ်းကနေ လွတ်ပါတယ်။"
လင်ယိ ပြောပြီးသည်နှင့် လူတိုင်း မတ်တပ်လျက်သား ရပ်နေမိကြသည်။ သူတို့သည် ကန့်လန့်ကာနောက်က ပြတင်းပေါက်က ပွင့်နေသည်လော ၊ ပိတ်နေသည်လောကို သူတို့ မသိကြချေ။
အခန်း ၁၀၃ မှ လူငါးဦးသည် စစ်ဆေးရန် ၎င်းတို့၏ အဆောင်များသို့ ချက်ချင်း ပြန်သွားကြလေသည်။ ထို့နောက်၌ ချွီကျားလျန်နှင့် ရွှိရှားကျီ နှစ်ယောက်စလုံး မတ်တပ်ရပ်လိုက်ကြ၏။ ထိုစဉ် လင်ယီက ပြောသည်။ "ဒါပေမယ့် သတင်းဆိုးတစ်ခု ရှိတယ်။"
ချန်းယန်သည် အလွန်ဝမ်းသာသွားပြီး သူ့အမူအရာကိုပင် မထိန်းနိုင်တော့ပေ။ "ဟား...ဟား...အစ်ကိုလင်ယိခမျာ ပင့်သက်ရှိုက်ပြောနေရတာပဲ။"
လင်ယိက သူ့ကို မော့ကြည့်ပြီး တခြားသူမျာကို ကြည့်လိုက်သည်။

YOU ARE READING
?????????????????????????? ???????????????????????????? ?????????????!
Romance???????????? ??????????????? update ?????????????? BL Horror Survival? ??????????????? ?????????? ? ????????????????? ????????????????????? ro?????????? ??????????????????????????? ????????????????? ??????? recommend?????????????