Unicode
အခန်း ၂၄ ။
လင်ယိ မျက်လုံးနှစ်ဖက်ကို လက်ဖြင့်ပွတ်လိုက်သည်။ စည်းမျဉ်းကမ္ဘာထဲသို့ ရောက်သွားသည်မှာ အပြင်လောကအချိန်အရ ၅နာရီခန့်သာရှိသေးသော်လည်း ပြောရမည်ဆိုလျှင် သူ ရက်များစွာ မျက်လုံးပိတ်မအိပ်ရသေးသည်မှာတော့ အမှန်ပင်။
ဤအခိုက်အတန့်၌ သူ အမြင်မှားနေသည်ဟု ထင်မိနေ၏။
သို့သော် နောက်တစ်ကြိမ် အနီးကပ်ထပ်ကြည့်လိုက်သော်လည်း စည်းမျဉ်းစာအုပ်၏ စာမျက်နှာ၇ရှိ စာပိုဒ်၇တွင် "စည်းမျဉ်းမရှိ" ဟုသာ ရေးသားထားဆဲဖြစ်သည်။
သူတို့သည် ၇.၇စည်းမျဉ်းလောကမှ ထွက်လာသည်မှာ ခုနကလေးတင်ဖြစ်ရာ စည်းမျဉ်းစာအုပ်တွင် အချက်အလက်များ ပြင်ဆင်ရန်အတွက် အချိန်မရှိသေးပေ။
လင်ယိသည် ထူးဆန်းသည့်တစ်ခုခုကို ရှာတွေ့သည်ဟုထင်မိပြီး ချင်ကျိုး၏အတည်ပြုချက်ကိုမေးရန် သူ လာခဲ့သည့်လမ်းအတိုင်း နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်သွားလိုက်သည်။ သို့တိုင် လမ်းတစ်ဝက်၌ သူ ရပ်လိုက်၏။
မှောင်နေသည့်အပြင် ကျောင်းစည်းမျဉ်းက ညဘက်တွင် ကျောင်းဝန်းထဲ၌ လျှောက်မသွားနေသင့်ကြောင်း ဖော်ပြထားသည်။ အကယ်၍ သူ ချင်ကျိုးဆီပြန်သွားပါက သူ ဘာမှမေးခွင့်မရသေးခင်တွင် ချင်ကျိုး၏ ခေါင်းခေါက်ခြင်းကို ခံရနိုင်သည်။
ကျောင်းစည်းကမ်းစာအုပ်က အသက်ဝင်နေသည်ကို သိပြီးနောက် သူ့ကဒ်ကို ထိုစာရွက်များကြားထဲတွင် မညှပ်ထားရဲတော့ပေ။ စည်းကမ်းစာအုပ်က သူ့ကဒ်ကို တစ်နည်းနည်းနှင့် ဆွဲယူသွားပါက သူ၏လူမှုဆက်ဆံရေးညံ့သောအကျင့်ဖြင့်ဆိုလျှင် ချင်ကျိုးကို နောက်တစ်ကဒ်ထပ်တောင်းဖို့ရန် အလွန်ရှက်ဖွယ်လိလိဖြစ်နေလိမ့်မည်။
စိတ်ထဲတွင် ထိုသို့တွေးရင်း လင်ယိသည် ကဒ်ကို သူ့အိတ်ကပ်ထဲတွင် သူ၏ MP3စက်လေးနှင့်အတူ နေရာမျှပြီး ထည့်လိုက်သည်။ ထို့နောက် သူ၏အိပ်ဆောင်ဆီသို့ အမြန်လျှောက်သွားခဲ့လိုက်တော့၏။
သဘာဝလွန်အင်ဂျင်နီယာတက္ကသိုလ်၏ ကျောင်းအိပ်ဆောင်သည် နေရာတစ်ခုထဲတွင် စုဝေးလျက်ရှိပြီး စုစုပေါင်းအဆောက်အအုံသုံးခုရှိ၍ ကျား ၊ မ ခွဲခြားထားခြင်း မရှိပေ။

YOU ARE READING
?????????????????????????? ???????????????????????????? ?????????????!
Romance???????????? ??????????????? update ?????????????? BL Horror Survival? ??????????????? ?????????? ? ????????????????? ????????????????????? ro?????????? ??????????????????????????? ????????????????? ??????? recommend?????????????